ယနေ့(နိုဝင်ဘာ၆ရက်)တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ကောလင်းမြို့ ခရိုင်ထွေအုပ်ရုံးရှေ့ အလံတိုင်၌ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူလိုက်ကြောင်း NUGအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထွက်ပြေး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးသွားသဖြင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင်စစ်ကြောင်း၏ တာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေ ၁၉ ရက်၊ နံနက် ၃...