ကရင်ပြည်နယ်၊ကော့ကရိတ်အခြေစိုက် ခမရ-၉၇ တပ်ရင်းထဲသို့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း KLOUD အဖွဲ့ ထံက သတိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေသော ခမရ-၉၇ တပ်ဝန်းအတွင်းသို့ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၁ ရက်ကို ၃ လုံး နဲ့ ၂ ရက် ၆ လုံးပါ။ဗုံးကြဲတဲ့အခါမှာ လေယာဥ် ၁ စီးကို ဗုံး ၁ လုံးပဲသုံးတာပါ။လက်လုပ် ဗုံးပဲသုံးတာပါ။ရန်သူ့ဘက်က သေဆုံးမှုကိုတော့ ကျမ တို့အနေနဲ့ စုံစမ်းလို့မရသေးပါဘူး”ဟု KLOUD အဖွဲ့ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ပစ်မှတ်ဧရိယာများဆီသို့ ဗုံး ကြဲချနိုင်ခဲ့သော်လည်း စစ်ကောင်စီ တပ်ဝန်းအတွင်း ဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုကို စုံစမ်းရခက်နေကြောင်းသိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ KNLA ပူပေါင်းတပ်ဖွဲ့က ကော့ကရိတ်မြို့တွင်း စစ်ရေး ပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခမရ-၉၇ က လက်နက်ကြီးဖြင့်ပစ်ခတ်နေခြင်းဖြစ်သည်။
“ တစ်နေ့(နိုဝင်ဘာ၃ရက်)ကဆို ကျနော်တို့ ကြဲပြီးတာနဲ့ လက်နက်ငယ်ပစ်သံတွေရော လက်နက်ကြီးထုသံတွေရော တရစပ်ထွက်လာတာပဲ။သူတို့ လေယာဥ်ကို လိုက်ပစ်တယ်ထင်ပါတယ်။ဒါပေမဲ့ သူတို့မမြင်ရနိုင်ဘူး။ကျနော်တို့က အမြင့်ကြီးမှာ ပျံနေတာ။သူတို့အထိနာသွားရင် တရစပ်တုံ့ပြန်တာကို အမြဲကြုံရတယ်”ဟု မြေပြင် ဒရုန်း ရဲဘော် တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅)-Justice Solider PDF နှင့်အတူ KLOUD၊Angry Bird Drone Ranger နှင့် Power Of Ababil(POA) တို့က Shar Htoo Waw နည်းပညာဖြင့် ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်းသိရသည်။