ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ဘောဂလိမြို့ဘက်သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရိက္ခာအပြည့်နှင့် စစ်သားဦးရေ ၂၀၀ ခန့် ဖြင့် ဧပြီလ ၄ ရက်နေ့က တက်သွားသည်ဟု ဒေသခံများထံမှ သိရှိရသည်။
“ သူတို့လူ တစ်ရာ၊ နှစ်ရာလောက်ရှိတယ်။ ၁၃ မိုင်ကနေ တက်လာတာ။ သူတို့က အုပ်စုလိုက် မသွားဘူး။ တစ်ဖွဲ့နည်းနည်းဆီ သွားတာ။ ရွာနားကသူတွေ သူတို့ နားတာ တွေ့တယ်။ အနီးတစ်ဝိုက်က ရွာတွေမှာလည်း သူတို့ရှိတယ်။ တော်တော်များတယ်။ သူတို့လာတာ ပက်လက်ဝါ (ဆည်) တို့၊ မိုင်နှစ်ဆယ်ရွာမှာလည်း သူတို့ရှိနေတယ်” ဟု စစ်ကြောင်းများကို တွေ့မြင်သည့် ဒေသခံတစ်ဦးက MPA သို့ ပြောပြသည်။
ယနေ့ နံနက်တွင်လည်း ကရင်ပြည်နယ်၊ သံတောင်မြို့နယ် တောင်ငူမှ သံတောင်ဘက်သို့ ရိက္ခာအပြည့်ပါသော စစ်ကား ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့တပ်ဝင်များကို တွေ့မြင်လိုက်သည်ဟု MPA ၏ သတင်းအရင်းအမြစ် တစ်ဦးက ဆက်လက် ရှင်းပြသည်။
စစ်ကောင်စီဘက်မှာ ထိုကဲ့သို့ စစ်အင်အားတို့းချဲ့မှုကြောင့် စစ်ရေးအခြေအနေများ ပိုမိုဆိုးဝါးလာမည်ကို ယင်းဒေသရှိ ပြည်သူများ စိုးရိမ်နေကြရသည်ဟု စုံစမ်းသိရှိရသည်။