ကရင်ပြည်နယ််၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း (၆) ဦးကိုကော်ဘရာစစ်ကြောင်းမှ ပြန်လွတ်သော်လည်း မပြန်သဖြင့် စစ်သုံ့ပန်းဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းမှ သိရသည်။
ကရင်ပြည်နယ််၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း (၆) ဦးကို စက်တင်ဘာ ၉ ရက် နံနက် (၁၀) နာရီခွဲခန့်တွင် လက်နက်ခဲယမ်းများနှင့်အတူ လူခို့ အနီးတွင် KNLA တပ်ရင်း (၂၇) နှင့် ကော်ဘရာစစ်ကြောင်း နှင့် ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
“ဘာကြောင့်မပြန်ချင်တာလဲဆိုတော့ သူတို့မှမဟုတ်ပါဘူး။ ရှေ့ယခင်ကတည်းကဖမ်းမိတဲ့စစ်သုံ့ပန်းတွေကိုလဲ ကျနော်တို့ဆွေးနွေးတာရှိတယ်။ သူတို့ပြန်တဲ့အခါကြရင် အရင်ဆုံးစစ်ကြောရေးအ၀င်ခံရမယ်။ ပြီးတော့နှိပ်စက်တာခံရမယ်။နောက်ပြီး စစ်ထောင်ကျမယ်။ အဲအတွက်ပြန်ရင်လဲသူတို့အတွက်ဘာမှမထူးသွားဘူး။ နစ်နာတဲ့ကိစ္စတွေပဲရှိမယ်။ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ဆိုရင် အသက်ရှင်သန်ခွင့် ဆက်လက်ရရှိမယ်။ သူတို့ကအခြေခံအနေနဲ့ အဲလိုမျိုးတွေးတာပေါ့ “ ဟု ကိုမျိုးသူရကိုကို ကဆိုသည်။
ယင်းဖမ်းမိသည့် စစ်သုံးပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိရာ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံးတို့အပြင် MA – 3 (၂)လက်၊ MA – 1 (၁)လက်၊ MA – 2 (၁)လက်၊ MA (4) (၁) လက်၊ MA (5) (၁)လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း (၁)ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ကျည် (၆၀၀)တောင့်၊ရိက္ခာခြောက် ခေါက်ဆွဲ အိတ် (၁၂) အိတ် တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းကထုတ်ပြန်သည်။
“ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကလဲပြန်လိုစိတ်မရှိဘူး။ ဒါကြောင့်မလို့ကော်ဘရာစစ်ကြောင်းကိုတာ၀န်ယူထားတဲ့ KNLA တပ်ရက် ၂၇ က အုပ်ချုပ်ရေးကိုအပ်လိုက်တယ်။ အုပ်ချုပ်ရေးကနေတစ်ဆင့် စစ်သုံ့ပန်းဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကော်ဘရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များသည် မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ကျူးကျော်ရန် အပြင်းအထန် ထိုးစစ် ဆင်နေသည်မှာ လပိုင်းအတော်ကြာနေပြီဖြစ်ပြီး အဆိုပါနေရာသိမ်းပိုက်နိုင်ခြင်းမရှိပဲ အကြမ်းဖက်စ်ကောင်စီတပ်များသည် အကျအဆုံးနှင့် ဒါဏ်ရာရသူများပြင် တပ်ပြေးများ(CDM) များဖြင့်သာ အဆုံးသတ်ရင်ဆိုင်နေကြရသည်။