မတ်၂၂ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဆေးရုံကို တောင်ငူလေတပ်စခန်းမှ Mi G29 ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား၁ ဦးနှင့် အသက် ၁၆ နှစ်ဝန်းကျင်ရှိ လူငယ်တစ်ဦးတို့ ဗုံးထိ သေဆုံးပြီးနောက်ပိုင်းမြင်ကွင်းကို MPA မှာ မြေပြင်သို့သွားရောက်မှတ်တမ်းတင်ခဲ့ပါသည်။
မြေမြှုပ်မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန် အန္တရာယ် ပဋိပက္ခဒဏ်ခံဒေသများတွင် ပိုမိုကြီးမားလာ
မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်တို့၏အန္တရာယ်သည် ပဋိပက္ခဒဏ်ခံဒေသများတွင် ပိုမိုကြီးမားလာနေကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်းရေး ရုံး(UNOCHA Myanmar)က ဆိုသည်။ မေလ နှစ်ရက်မှ ကိုးရက်အတွင်းမှာတင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ချင်းပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အရပ်သားခြောက်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ငါးဦးလည်း...