နောင်ချိုတွင် စစ်တပ် ရမ်းပစ်သည့် လက်နက်ကြီးထိမှန်ကာ အဖေနှင့်သမီး ပွဲချင်းပြီး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အဖေဖြစ်သူနှင့်သမီးတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ မေလ၁၀ရက်၊ ညရှစ်နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် သုံးဆယ်ရွာ...