စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေသည့် သရုပ်ဆောင်ဟိန်းထက်၏ အဘိုးဖြစ်သူ နေအိမ်တွင်နေထိုင်ရင်း ပစ်သတ်ခံခဲ့ရသည် ။
“ ကျနော့်အိမ်ကိုလူတစ်စု သေနတ်နဲ့လာပစ်သွားတယ် ။ အဘိုးသေနတ်မှန်ပြီးဆုံးသွားပြီ ” ဟု သရုပ်ေဆာင်ဟိန်းထက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ယနေ့ညေနပိုင်းတွင် ရေးသားထားသည် ။
အဆိုပါပစ်ခတ်မှုမှာ ရန်ကုန်သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းဗုဒ္ဓပါလ စစ်သည်တော်သွေးသောက်အဖွဲ့မှ အောင်ကိုမင်းဆိုသူက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည် ။ယင်းသို့ရေးသားပြီး မိနစ်ပိုင်းအတွင်း အဆိုပါပို့စ်ကို ပြန်ဖျက်သွားသည်ကိုတွေ့ရသည် ။
သရုပ်ဆောင်ဟိန်းထက်သည် MRTV 4ဇတ်လမ်းတွဲများဖြင့် အောင်မြင်လာသူတစ်ဦးဖြစ်ပြီး “ ငွေစက္ကူခုနှစ်ရွက် ” ၊ “ ဂျီဟောသူ” စသည့်ဇတ်လမ်းတွဲများဖြင့် ပိုမိုလူသိများသည် ။
၎င်းသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် သရုပ်ဆောင်အလုပ်ကိုရပ်ထားခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတွင်ပါ၀င်ေနသူဖြစ်သည် ။သရုပ်ဆောင်ဟိန်းထက်သည် မိဘများ၏ အမွေပြတ်စွန့်လွှတ်မှုကိုလည်းခံထားရသူဖြစ်သည် ။