ရန်ကုန်တိုင်း၊သာကေတ Fortune Plazaနား ဗုံးကွဲစဉ် အကြမ်းဖက်စစ်ကောင်စီဘက်က ခေါင်းမထောင်ပဲ ဘန်ကာရှေ့သေနတ်ထုတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၃ဦးသေ ၂ဦးပြတ်ရှ ဒဏ်ရာတွေရရှိခဲ့သည်။
ရန်ကုန်တိုင်း၊သာကေတ Fortune ပလာဇာ အနီးပတ်ဝန်းကျင်တွင် ယနေ့ညနေ ၅နာရီ ၁၀မိနစ်ခန့်က ပြင်းအားရှိ လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကာ ၂ဦး ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည်။
ဗုံးပေါက်ကွဲစဉ် အကြမ်းဖက်စစ်ကောင်စီဘက်မှ သေနတ် ၃ချက်တစ်ကြိမ် ၊လေးချက်တစ်ကြိမ် ဆက်တိုက်ဆိုသလိုပစ်ခတ်ခဲ့ပြီး၁၅မိနစ်အကြာ Faw အမျိုးအစား စစ်ကားနှစ်စီးရောက်ရှိလာခဲ့သည်။
“လူငယ်ကောင်လေးတစ်ဦး Fortune Plazaဟိုဘက်ခြင်း ၂နာရီနားလောက်မှာ။ခွေးတွေက ရမ်းပစ်တော့ ထိပြီးခွေလဲသွားတယ်။လူနာတင်ကားပေါ်တင်ပြီး ဂျပန်တံတားဘက်ကို သယ်သွားတယ်။ဘယ်သူဘယ်ဝါလို့တော့ သေချာမသိဘူး။သေမသေရောပေါ့”ဟု သာကေတမြို့နယ်နေသူတစ်ဦးက ရှင်းပြသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကမာကြည်တံတား၊မဟာဗန္ဓုလ တံတား၊မင်းနန္ဒာလမ်းမကြီးနှင့် သာကေတဘက်ခြမ်းက သုဝဏ္ဏတံတားတို့ကို အကြမ်းဖက်စစ်ကောင်စီဘက်က ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ချကာ စစ်ဆေးမှုတွေတင်းကြပ်စွာပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် Crownအမျိုးအစား 5G-9009ယာဉ်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်း၊အမဲရောင်လူနာတင် ယာဉ်ဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနှင့် ရဲတပ်သားနှစ်ဦးခြံရံကာ သတိမေ့ လက်မောင်းတွဲပြတ် စစ်ကောင်စီတပ်သားတစ်ဦးအပါအဝင်နှစ်ဦးတို့ကို သာကေတအားကစားရုံဘက်သယ်ဆောင်သွားကြောင်း သာကေတမြို့နယ်ရှိ ကင်းထောက်လူငယ်တစ်ဦးက သတင်းပေးပြောဆိုသည်။