By MPA
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၊ ရွှေ ချီရပ်ကွက်၊ ၄ လမ်း၊ မူလတန်းကျောင်းအနီးရှိ စတိုးဆိုင်တစ်ခု ရှေ့တွင် ဇူလိုင် ၆ ရက် မနေ့ကညနေပိုင်းက လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ပေါက်ကွဲမှုကြောင့် စတိုးဆိုင်က လူငယ် ၁ ဦးနှင့် စာသင်ကျောင်းလုံခြုံရေးယူထားသည့် ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” မနေ့က ညနေ အရမ်းမမှောင်သေးဘူး ကွဲတာ။ အသံတော့ကြားလိုက်တယ် စာသင်ကျောင်းနားက အဲ့နားမှာ ေစာင့်နေတဲ့ရဲတွေ ၃ယောက်လောက်တော့ ထိသွားတယ်။” ဟု ပျဥ်းမနားမြို့ ဒေသခံတစ်ဦးက MPAသို့ပြောသည်။
ယင်းသို့ပေါက်ကွဲခြင်းသည် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးတင်းကျပ် ထားသည့် နေပြည် တော်ကောင်စီနယ်မြေအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် COVID-19 ကူးစက်မှုမြင့်တက်နေသဖြင့် ပျဥ်းမနားမြို့ကိုStay at Home ကြေငြာထားပြီး စျေးများပိတ်သိမ်းထား ၍ လူစုလူဝေးမပြုလုပ်ခိုင်းသော်လည်း စာသင် ကျောင်း များဆက်လက်ဖွင့်ထားပြီး ယင်းစာ သင်ကျောင်း တစ်ခုအနီး ဗုံးပေါက်ကွဲခြင်းဖြစ် ကြောင်း သိရသည်။