8 Feb 2023 By MPA 001
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ဒေသခွဲတပ်ရင်းအမှတ် (804) တစ်နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော် စစ်ဒေသခွဲတပ်ရင်းအမှတ် (804) ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့က စတင်ထူထောင်ခဲ့ပြီး ယမန်နေ့က တစ်နှစ်ပြည့်ခဲ့သောကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာတွင် တစ်နှစ်ပြည့်အခမ်းအနားကို မိတ်ဖက်ညီနောင်အဖွဲ့အစည်းများနှင့်တကွ ကျင်းပခဲ့ကြောင်း Nay Pyi Taw PDF – Battalion 804၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထူးမော်က ပြောသည်။
“ နေပြည်တော် စစ်ဒေသခွဲ စစ်ဦးစီးက မိန့်ခွန်းပြောကြားပါတယ်။ တခြားဖိတ်ကြား ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းတင်ပေးမှု၊ ရဲဘော်၊ ရဲဘက်များ၏ သွေး၊ချွေးများဖြင့် ရုန်းကန်ခဲ့ကြမှုတို့နဲ့ တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီ” ဟု ၎င်းက ပြောသည်။
Nay Pyi Taw PDF – Battalion 804 အနေဖြင့် ဖယ်ခုံမြို့၊မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့နယ်များတွင် မဟာမိတ်တပ်များနှင့် ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ဒီးမော့ဆို မိုးဗြဲ ဖယ်ခုံ မှာ ဖြစ်တဲ့ပွဲတွေဆို ဝင်ကတာ များပါတယ်။ ထိတွေ့မှုအသေးတွေရော ရှိတာမို့ တိုက်ပွဲအရေအတွက် အတိအကျတော့ မပြောနိုင်ပါဘူး။ လက်ရှိလည်း ပါဝင်နေပါတယ်” ဟု ၎င်းက ပြောသည်။
တစ်နှစ်ပြည့် အခမ်းအနားသို့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်(PLSF)၊KNDF BO-5၊KNDF BO-6၊KRU၊စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်- ၁၀၀၅၊စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်-၁၀၀၈၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ် ၈၀၃၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ်၈၀၅၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းအမှတ် ၉၀၂ မှကိုယ်စားလှယ်များ နှင့် အလယ်ပိုင်းတိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။