By Wadi / MPA
ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ရေခဲတောင်သုံးလုံးပြိုကျခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ဆိုသည့်အကြောင်းအ ရာများ ဇူလိုင် ၁ ရက် ညပိုင်းတွင် ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်နှင့် တခြားလူမှုကွန်ယက်စာမျက်နှာများပေါ်၌ ပျံ့နှံ့ခဲ့သည်။
“ရေခဲတောင် ၃ လုံး ပြိုကျလို့ မိုးကြီးလို့ ရေများရေလျှံနေတဲ့ မြစ်ရေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းအမှားကို ဇူလိုင် ၁ ရက်တွင် Nayni Phyo Wai Tun ဆိုသည့် ဖေ့ဘွတ်ခ်အကောင့်က ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေ ခဲ့သည်။
ပူတာအိုရှိ ရေခဲတောင်သုံးလုံးပြိုကျသည့်အတွက် ဧရာဝတီမြစ်ရေကြီးလာပြီး ၁၂ ရက်ကြာသည့်အခါ အဆိုပါရေများသည် ဧရာဝတီတိုင်းအထိ ရောက်လာနိုင်ကြောင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ အထိအခိုက်များနိုင်တဲ့အတွက် ကြိုဆင်ပြင် ဆင်ထားဖို့လိုသည်ဟု ရေးသား ဖြန့်ဝေထားသည်။
အဆိုပါသတင်းအမှားကို ဖေ့ဘွတ်ခ်၊ တယ်လီဂရမ်တို့တွင် ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့် သတင်းအမှားပို့စ်လင့်ခ်များ >>>
https://archive.ph/GNbyd
https://archive.ph/R4vpF
https://archive.ph/kFzAn
https://archive.ph/clgEK
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍ ရှာဖွေကြည့်ရာ VOA, BBC, Myanmar Now အပါအဝင် သတင်းမီဒီယာများ၌ သတင်းဖော်ပြထား သည်။
သတင်းမီဒီယာများတွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် မြင့်တက်လာသဖြင့် မြစ် ကြီးနားတစ်မြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ပြည်သူများပိတ်မိနေကြောင်း၊ ကယ်ဆယ်ရေး မလုံလောက် မှု များ ဖြစ်နေကြောင်း၊ လက်ရှိတွင် ဖားကန့်၊ မြစ်ကြီးနား၊ ချီဖွေ၊ ဝိုင်းမော်၊ တနိုင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ် များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ၍ လူတစ်သောင်းထက်မနည်း ရေဘေး ကြုံနေရကြောင်း၊ မြစ် ကြီးနားမြို့တွင် မြစ်ရေကျသွားသော်လည်း ဧရာဝတီအောက်ပိုင်းက ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ စစ်ကိုင်း၊ မန္တလေးအထိ အနိမ့်ပိုင်းတွင် နေထိုင်ကြသူများ ကြိုတင်ပြောင်း ရွှေ့ဖို့လိုကြောင်း တညီတညွတ်တည်း ရေးသားထားသည်။
VOA သတင်းလင့်ခ် >>> https://shorturl.at/f65z3
BBC သတင်းလင့်ခ် >>> https://shorturl.at/XSTiw
Myanmar Now သတင်းလင့်ခ် >>> https://shorturl.at/D84XD
Google တွင် “ဧရာဝတီမြစ်ရေကြီးမှု” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်သည့်အခါ RFA တွင် သတင်းရေးထားသည်ကို တွေ့ရသည်။
ဇွန် ၂၉ ရက် ညပိုင်းကစပြီး ဧရာဝတီမြစ်ရေတက်လာလို့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြောင်း၊ ဇွန် ၃၀ ည ၇ နာရီခွဲတွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကို တစ်ပေခန့်ကျော်လွန်ခဲ့ပြီး ဆက်လက်တိုးလာ တာကြောင့် မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်သွားကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/t0IFY
သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည် ဟု ရေးသားထားတာကြောင့် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော “ပူတာအိုရှိ ရေခဲတောင်သုံးလုံးပြိုတယ်” ဆိုသော အကြောင်းအရာ သည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ရေကြီးရေလျှံမှုဖြစ်သည်ဆိုသောအချက်အလက်သည် မှန်ကန်သော်လည်း ရေခဲတောင်သုံးလုံးပြိုကျသည်ဟု မှားယွင်းဖော်ပြထားတာကြောင့် အဆိုပါသတင်းအမှားသည် အခြေအနေအခင်းအကျင်းအမှား (False Context) ဖြစ်သည်။
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-174851_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-174851_003.jpg)