By Haythar /MPA
လားရှိုး – မန်ပွဲ ဆက်သွယ်ထားသော သံကူကွန်ကရစ်တံတား မိုင်းခွဲဖျက်ဆီးခံထားရသည့်ရုပ်သံအား ဆွတ်လန်း -ပန်စောက်ကြား တံတားကို TNLA ဖျက်ဆီးခဲ့သည်ဟု ဇွန် ၂၈ရက်တွင် စစ်ကောင်စီလော်ဘီ များ သတင်းအမှားဖြန့်ဝေထားသည်။
“နေပြည်တော်”အမည်ရှိ Subscriber ၂၃၀၀၀ ကျော်ရှိသော တယ်လီဂရန်ချန်နယ်က ဇွန် ၂၈ရက် မွန်းလွဲ ၃နာရီ တွင် တံတားတစ်စင်း ပြိုကျနေတဲ့ ရုပ်သံဖိုင်နှင့်အတူ “ ဆွတ်လန်း-ပန်စောက်ကြားတံတား ကိုTNLAမျောက်တွေ တက်ဆော့သွားပြီ” ဟု ဖော်ပြခဲ့သည်။
သတင်းအမှား link>>> https://archive.ph/En4K4
သတင်းအမှားဖြစ်ကြောင်း အချက်အလက်စိစစ်ချက်
“နေပြည်တော်”အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် ရုပ်သံဗီဒီယိုဖိုင်ကို “ InVID verification video tool” အသုံးပြု၍ အချက်အလက်ရှာဖွေစစ်ဆေးကြည့်သည်။ အဆိုပါ ဗီဒီယိုဖိုင်ရဲ့ Keyframe ဓာတ်ပုံများအား “Google Reverse Image Search” ဖြင့် ထပ်မံရှာဖွေကြည့်ရာ သတင်း မီဒီယာအချို့တွင် သတင်းရေးထားတာ တွေ့ရသည်။
လူထုခေတ် သတင်းဌာနက ဇွန် ၂၆ရက်တွင် “ ရှမ်းပြည်မြောက်ပိုင်း၊သီပေါနှင့်လာရှိုးမြို့ကြား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဆွတ်လန်းရွာအနီးက တံတားတစ်စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်စီးခဲ့ရာ ဒေသခံ များ သွားလာရေးခက်ခဲနေကြောင်းသိရသည်” ဟု ဖော်ပြထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://shorturl.at/B1exW
BBCသတင်းမီဒီယာတွင် “ လားရှိုး-မန်ပွဲ ဆက်သွယ်ထားတဲ့ သံကူကွန်ကရစ်တံတားက ဇွန် ၂၈ ရက်မှာ ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား ၅ စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဇွန် ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်” ဟူ၍ ရေးသားဖော်ပြထား သည်။
သတင်းမီဒီယာ အပြည့်အစုံလင့်ခ် >>> https://archive.ph/wip/C0k4v
PSLF /TNLA ယူကျူ့ ချန်နယ်တွင် အဆိုပါရုပ်သံဗီဒီယိုဖိုင်နှင့်အတူ ” လားရှိုးမြို့နဲ့ဆက်သွယ် ထားတဲ့တံတားနှစ်စင်းကိုစစ်ကောင်စီတပ်မှမိုင်းခွဲဖျက်ဆီး” ဟု ဖော်ပြထားသည်။
အကြောင်းအရာအပြည့်အစုံလင့်ခ် >>> https://archive.ph/wip/3OOib
“နေပြည်တော်”အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် ဆွတ်လန်း-ပန်စောက်ကြား တံတား ကိုTNLAမျောက်တွေ တက်ဆော့သွားပြီ ဟု ဖော်ပြထားသော်လည်း အချက်အလက်စစ် ဆေးကြည့်သော အခါ “လားရှိုး – မန်ပွဲ”ကြား ဆက်သွယ်ထားသော တံတားဖြစ်ကြောင်း တွေ့ရှိရသည်။
ယင်းတံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနများတွင် တညီတညွှတ်ထဲ ဖော်ပြထားကြသည်။
သတင်းအမှားအကြောင်းအရာ ဖော်ပြသော “နေပြည်တော်” အမည်ရှိ တယ်လီဂရမ်ချန်နယ်ကို စစ်ဆေး ကြည့်သောအခါ သတင်းအမှားများကို မကြာခဏ ဖော်ပြလေ့ရှိပြီး စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန် နယ်ဖြစ်ကြောင်း တွေ့ရသည်။
တယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီလော်ဘီများသည် နားလည်မှုလွဲမှားစေမည့်အကြောင်းအရာ များ နှင့် သတင်းအမှားများ ဖန်တီးရေးသားလေ့ရှိကြောင်းတွေ့ရသည်။