By Wadi / MPA
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ၊ သနတ်ကုန်းကျေးရွာအနီးရှိ လောင်းကစားဝိုင်းအား ဇွန် ၁၆ ရက် ၊ မနက်ပိုင်းတွင် PDF အဖွဲ့က ဝင်စီးပြီး ပြည်သူများကို သတ်ဖြတ်ဆိုသည့် သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များတွင် ပျံနှံ့လျက်ရှိသည်။
“People Media” “U Kyaw Soe Oo” “Snow Queen” “Ye Yint Htet” “အဖိုးလေး” “Ye’ Ba Nyein” အမည်ရှိ တယ်လီဂရမ်ချန်နယ်များက ဇွန် ၁၇ ရက် ညနေပိုင်းတွင် သတင်းအမှားအကြောင်းအရာအား ရေးတင်ခဲ့ခြင်းဖြစ်သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားပို့စ်လင့်ခ်များ >>>
https://archive.ph/ynWVF
https://archive.ph/77oUv
https://archive.ph/Z9MKK
စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေး နှင့် မြဝတီ သတင်းစာမျက်နှာ အပြင် “ နောင်ရိုးဟစ်တိုင်” နှင့် “ FACT CHECK” ဆိုသည့် တယ်လီဂရမ်ချန်နယ်တို့က စစ်ကောင်စီခွင့်ပြုချက်ဖြင့် ပြုလုပ်နေသည့် လောင်းကစားဝိုင်းဆိုသည်မှာ စစ်တပ်ကိုအပုပ်ချသည့်သတင်းမှားသာဖြစ်ကြောင်း ရေးသားထားသည်။
သတင်းလင့်ခ်များ >>>
https://archive.ph/Dub6K
https://archive.ph/U3b1O
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
စစ်ကောင်စီလက်အောက်ခံ မီဒီယာအချို့နှင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံလျက်ရှိသည့် သတင်းအမှားနှင့်ပတ်သက်၍ Google တွင် “သနပ်ပင် မြို့နယ် လောင်းကစားဝိုင်း” ဆိုသည့် Keyword ဖြင့် ရှာဖွေရာ မြေလတ်မီဒီယာ၊ ခေတ်သစ်မီဒီယာနှင့် DVB သတင်းမီဒီယာတို့တွင် သတင်းရေးထားတာ တွေ့ရသည်။
မီဒီယာများတွင် စစ်ကောင်စီက လုံခြုံရေးယူပေးထားသည့် လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း ရေးသားထားပါသည်။
ယင်း လောင်းကစားဝိုင်းသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နေသော လောင်းကစားဝိုင်းဖြစ်ပြီး ဒေသခံများက တိုင်ကြားသောကြောင့် ဝင်ရောင်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက လုံခြုံရေးယူပေးထားကြောင်း၊ ဝင်ရောက်ရှင်းလင်းစဉ် ပစ်ခတ်မှုဖြစ် ပွားပြီး လောင်းကစားဝိုင်းတွင် ဖဲကစားနေသူတစ်ဦး ပေါင်တွင်ကျည်ဆံရှပ်ထိ ဒဏ်ရာရခဲ့ပြီး အခြားအရပ်သား များ ထိခိုက်မှုမရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးကြောင်း ရေးထားသည်။
သတင်းအပြည့်အစုံ >>>
https://shorturl.at/j7YhD
https://shorturl.at/lPCfF
https://shorturl.at/zI1u7
စစ်ကောင်စီလော်ဘီချန်နယ်များတွင် PDF အဖွဲ့က ပြည်သူများကို သတ်ဖြတ်ကြောင်း ရေးထားသော်လည်း သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ အဆင့်ဆင့် စိစစ်အတည်ပြုရေးသည့် သတင်းမီဒီယာများတွင် ပြည်သူများကို သတ်ဖြတ်သည်ဟူ၍ ဖော်ပြထားခြင်း မရှိပါ။
ဒါကြောင့် စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပြည်သူများကို PDFအဖွဲ့က သတ်ဖြတ်ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
စစ်ကောင်စီလော်ဘီများသည် တယ်လီဂရမ်ချန်နယ်များတွင် မကြာခဏဆိုသလို သတင်းအမှားများ ရေးတင် လေ့ရှိကြောင်း စိစစ်တွေ့ရှိရသည်။ သတင်းအမှားများကို လော်ဘီချန်နယ်များတွင် အဆင့်ဆင့်ကူးယူ ဖော်ပြ လေ့ရှိကြသဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204518_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204518_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204518_004.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204518_005.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-204518_006.jpg)