By Haythar/ MPA
ကယားပြည်နယ်၊ လွိုင်ကော်မြို့အား စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက်ပိုင်း KNDF တပ်ဖွဲ့ဝင်အချို့လက်နက်ချအလင်းဝင်ဆိုသည့် သတင်းအမှားများ ဇွန်လ ၁၇ရက်နေ့တွင် တယ်လီဂရမ်ချန်နယ်များနှင့် ဖေ့ဘွတ်ခ်လူမှုစာမျက်နှာအချို့တွင် ပျံ့နှံ့နေသည်။
Subscriber တစ်သိန်းတစ်သောင်းကျော်ရှိသော “ Ko Thet” တယ်လီဂရမ်ချန်နယ်က ဇွန် ၁၇ရက် ည ၆နာရီကျော်တွင် “လွိုင်ကော်မြို့ကို တပ်မတော်က ထိန်းချုပ်ပြီးနောက် KNDF တပ်ဖွဲ့ ဝင်အချို့ လက် နက်ချအလင်းဝင်” ဆိုသည့် စာသားနှင့်တကွ သတင်းအမှားအကြောင်းအရာအား ရေးတင်ခဲ့ခြင်းဖြစ် သည်။
အဆိုပါသတင်းအမှားကို ဇွန် ၁၈ရက် ညနေ ၅နာရီအထိ ဖတ်ရှုသူ ၂၉,၀၀၀ ကျော်ရှိပြီး Like and react ပေးသူ ၄၀၀ ကျော်ရှိသည်။ ဒီသတင်းအမှားကို Ko Thet တယ်လီဂရမ်ချန်နယ်အပြင် “Ye Ba Nyein” “Min Chit Oo” နှင့် DGF21News ချန်နယ်တို့က ကူးတင်ခဲ့ကြသည်။
ဒါ့အပြင် မောရှမ်းမြေနှင့် ရှမ်း ကယားဟစ်တိုင်စသည့် ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာများတွင် ကူးယူရေးတင်နေသဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
တယ်လီဂရမ်တွင်ပျံ့နှံ့နေသည့်သတင်းအမှားလင့်ခ်များ –
https://archive.ph/dPkOR
https://archive.ph/wip/y5GDA
https://t.me/minchitoo989989/35767
https://archive.ph/wip/rVxmm
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် “ လွိုင်ကော်မြို့” ဆိုသည့် Keyword ဖြင့် Google တွင် ရှာဖွေကြည့်သည့်အခါ BBC, RFA ၊ Delta News Agency မီဒီယာများတွင် သတင်းဖော်ပြထားသည်။
BBC တွင် လွိုင်ကော်မြို့၏ ၅၀ရာခိုင်နှုန်းခန့်သာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့ပြင်ရပ်ကွက်များကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။
BBC က သတင်းအပြည့်အစုံ >>> https://archive.ph/O375g
RFA သတင်းမီဒီယာတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးစားနေကြောင်း၊ မြို့၏ ငါးဆယ်ရာခိုင်နှုန်းခန့်သာ စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်နိုင်ခြင်းဖြစ်ပြီး တစ်မြို့လုံးအတိုင်းအတာအရ ထိန်းချုပ်ခြင်းမရှိသေးကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံလင့်ခ် >>> https://archive.ph/wip/akLYc
Delta News Agency သတင်းမီဒီယာတွင် လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်ထိန်းချုပ်နိုင်ပြီ ဆို သည်မှာစစ်ကောင်စီတပ်ဘက်က ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု KNDF က တုံ့ပြန်ထားသည်။
Delta News Agency ၏ သတင်းအပြည့်အစုံ ဖတ်ရှုရန်လင့်ခ် >>> https://archive.ph/wip/NwHwz
သတင်းအချက်လက်များအား အဆင့်ဆင့်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် လွိုင်ကော်မြို့၏ ၅၀ရာခိုင်နှုန်းခန့်သာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း တစ်မြို့လုံး အား ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။ ဒါ့ပြင် KNDF တပ်ဖွဲ့ဝင်အချို့ အလင်းဝင်သည်ဆိုသော အကြောင်းအရာအား မဖော်ပြထားသောကြောင့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ ရှိရသည်။
သတင်းအမှားများကိုဖြန့်ဝေရေးသားနေသည့် ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီတပ်ဘက်မှ လော်ဘီချန်နယ်များဖြစ်ကြောင်းနှင့် နားလည်မှုလွဲမှားစေမည့်သတင်းအမှားများကို မကြာခဏ ဖန်တီးရေးသားလေ့ရှိကြောင်းတွေ့ရသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-181046_002.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-181046_003.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-181046_004.jpg)