By Wadi / MPA
ဇွန် ၁၁ ရက်တွင် စစ်ကောင်စီအား ကင်းလှည့်ရေယာဉ် ခြောက်စီး ပေးအပ်ထားသော တရုတ်နိုင်ငံကို NUG က စစ်ရေးအရ အရေးယူမည်ဟု ရာဇသံပေးဆိုသည့် သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက် ရှိသည်။
Subscriber တစ်သိန်းကျော်ရှိသော “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇွန် ၁၃ ရက် ညနေပိုင်းတွင် ကင်းလှည့်ရေယာဉ်ပေးအပ်ပွဲ ဓာတ်ပုံများနှင့်အတူ သတင်းအမှားအကြောင်းအရာအား ရေးတင်ခဲ့ခြင်းဖြစ် သည်။ ဒီသတင်းအမှားကို ဖတ်ရှုသူ ၃၀,၀၀၀ ကျော် ရှိပြီး ၊ Like and Reat ပေးသူ ၅၀၀ ကျော်ရှိသည်။
အဆိုပါသတင်းအမှားကို ဇွန် ၁၃ ရက် တွင် “အထွန်းဖွား” နှင့် “ရွှေနေကြာ” “MDY image” အမည်ရှိ တယ်လီဂရမ်ချန်နယ်များက ကူးယူရေးတင်ခဲ့သဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသည့် သတင်းအမှားပို့စ်လင့်ခ်များ >>>
https://archive.ph/a06qR
https://archive.ph/6Gc7m
https://archive.ph/iAG6Y
https://archive.ph/yBA7s
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျှက်ရှိသည့် သတင်းဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍လည်းကောင်း၊ Google တွင် “ ကင်းလှည့်ရေယာဉ်” ဆိုသည့် Keyword ဖြင့် လည်းကောင်း ရှာဖွေကြည့်လိုက်သည့်အခါ Myanmar Now ၊ RFAမီဒီယာများတွင် သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စစ်ကောင်စီအား တရုတ်နိုင်ငံအစိုးရမှ ကင်းလှည့်ရေယာဉ်များ ပေးအပ်ကြောင်း ရေးသားထားပြီး NUG အနေနဲ့ ရာဇသံပေးသည်ဆိုသောအကြောင်းအရာ မပါဝင်ကြောင်း တွေ့နိုင်သည်။
မီဒီယာများတွင်ဖော်ပြထားသည့် သတင်းများ >>>
https://shorturl.at/bhcNI
https://shorturl.at/XW59S
NUG အစိုးရ၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာများတွင် ရှာဖွေကြည့်သည့်အခါတွင်လည်း ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ဖော်ပြထားခြင်းမရှိသည်ကိုတွေ့ရသည်။
NUG အစိုးရ၏ တရားဝင်လူမှုကွန်ယက် လင့်ခ်များ >>>
https://shorturl.at/pduqK
https://shorturl.at/Va70f
သတင်းအချက်အလက်များအား အဆင့်ဆင့်စစ်ဆေးအတည်ပြုရေးနေသော သတင်းမီဒီယာများတွင် ကင်းလှည့် ရေယာဉ်များပေးအပ်ကြောင်း ဖော်ပြထားသောကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအမှားများကို ရေးသားဖြန့်ဝေနေသော ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင်စီ လော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရပြီး နားလည်မှုလွဲမှားစေမည့် သတင်းအမှားများ ဖန်တီးရေးသားလေ့ရှိကြောင်း တွေ့ရသည်။