မွန်ဝန်ကြီးချုပ် ခွင့်ပြုထားသော လောင်းကစားဝိုင်းများ၏ ဂယက် ချောင်းဆုံတွင် နေ့စဉ် ဆိုသလို ဆိုင်ကယ်ပျောက်နေ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးကြီးများတွင် နေ့စဉ်ဆိုသလို ဆိုင်ကယ်အခိုးခံနေရသည်မှာ နှစ်ချီကြာပြီဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ခုနှစ်မှစတင်ကာ ချောင်းဆုံမြို့နယ်အတွင်း စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ပြီးနောက် ဆိုင်ကယ်အခိုး ခံရမှု များလာခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။...