မင်းတပ်တွင် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးကို စစ်တပ်ကသေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ မင်းတပ်မြို့၊ နမ့်ထာရပ်ကွက်တွင် ခလရ(၂၇၄)တပ်ရင်းမှ ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများက မေ ၁၃ ရက်၊ နေ့လယ်တစ်နာရီအချိန်ခန့်တွင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။ "သူ့အိမ်ရှေ့မှာပဲ စစ်သားတွေကိုမြင်လို့ ကြောက်ပြီးပြေးတာမှာ...