By Wadi / MPA
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် AA (ရက္ခိုင့်တပ်တော်) အဖွဲ့၏ ပစ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော မိန်းကလေး သေဆုံးဆိုသည့် သတင်းအမှားများ ဇွန် ၁၈ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များဖြစ်သော “တောင်ပေါ်သား” “ MMC (News)” “ Snow Queen” နှင့် “ မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်နှင့် အခြားတယ်လီဂရမ်ချန်နယ်များတွင် ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် မိန်းကလေး၏ ရုပ်အလောင်းဓာတ်ပုံနှင့်အတူ “AAအကြမ်းဖက်သူပုန်၏ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့နေ ၂၀၂၄ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ သုံးဘာသာဂုဏ်ထူးရရှိခဲ့သော သမီးငယ်သေဆုံး” ဟူ၍ စာရေးထားသော သတင်းအမှားအကြောင်းအရာသည် ပျံ့နှံ့နေခြင်းဖြစ်သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
https://archive.ph/qgBtY
https://archive.ph/0LKSf
https://archive.ph/RXurC
https://archive.ph/81Kyv
ဒါ့အပြင် သတင်းအမှားအကြောင်းအရာကို စစ်တပ်လော်ဘီ Myanmar National Post Website နှင့် Myanmar Transparency News Website စာမျက်နှာများတွင်လည်း ဖော်ပြထားသည်။
Website တွင် တင်ထားသော သတင်းအမှားလင့်ခ် >>>
https://archive.ph/J6ACo
https://archive.ph/h3rEc
သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည့် ဓာတ်ပုံများကို Google Reverse Image Search အသုံးပြု၍ ရှာဖွေကြည့်ရာ BBC , Narinjara ( နိရဉ္စရာ) News, နှင့် Tachileik News တွင် သတင်းရေးထားသည်။
သတင်းမီဒီယာများ၌ ဇွန် ၁၈ ရက်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့တွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများပြား ဆိုပြီး ရေးသားထားပါသည်။
သတင်းမီဒီယာများတွင် ရေးထားသော သတင်းလင့်ခ်များ >>>
https://shorturl.at/wsU8I
https://shorturl.at/Vbka2
https://shorturl.at/nwsFT
ဒါ့အပြင် Google တွင် “တောင်ကုတ်မြို့ တိုက်ခိုက်ခံရမှု” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်ရာ Myanmar Now , Khit Thit Media, RFA တို့တွင် သတင်းရေးထားသည်ကို တွေ့ရသည်။
Myanmar Now သတင်းတွင် ဇွန် ၁၈ ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂုဏ်ထူးသုံး ဘာသာဖြင့် အောင်မြင်ထားသူ လူငယ်တစ်ဦး၊ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း ရေးထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/eb4oQ
Khit Thit Media သတင်းတွင် ဇွန် ၁၈ ရက်တွင် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက် ခိုက်မှုကြောင့် တောင်ကုတ်မြို့တွင် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း၊ ဇွန် ၁၅ ရက်နေ့တုန်းကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံ >>> https://shorturl.at/2UjFl
RFAသတင်းမီဒီယာတွင် တောင်ကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးငါးလုံးကြဲချမှုကြောင့် အသက် ၁၇ နှစ်အရွယ်နဲ့ အသက် ၇၀ အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့် အစုံ >>> https://shorturl.at/fYH8D
သတင်းမီဒီယာလုပ်ငန်းစဉ်ဖြင့် အဆင့်ဆင့်စိစစ်အတည်ပြုရေးသော သတင်းဌာနများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့ရှိ ပြည်သူ အချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိကြောင်း တညီတညွှတ်ထဲ ဖော်ပြထားကြသည်။
ဒါကြောင့် တယ်လီဂရမ်ချန်နယ်များနှင့် စစ်တပ်လော်ဘီဝက်ဆိုက်ဘ်အချို့တွင် ပျံ့နှံ့နေသော “AAအဖွဲ့၏ ပစ်ခတ်မှုကြောင့် သုံးဘာသာဂုဏ်ထူးရှင် မိန်းကလေး သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဒီသတင်းအမှားတွင် သုံးဘာသာဂုဏ်ထူးရှင်မိန်းကလေးငယ် သေဆုံးမှု မှန်ကန်သော်လည်း AA အဖွဲ့က ကျူး လွန်သည်ဟု စွပ်စွဲဖန်တီးထားသောကြောင့် False Content (အခြေအနေအခင်းအကျင်းအမှား) သတင်းအမှား အမျိုးအစား ဖြစ်သည်။
သတင်းအမှားများကို ရေးသားဖြန့်ဝေနေသော တယ်လီဂရမ်ချန်နယ်များကို လေ့လာကြည့်သည့်အခါ စစ်ကောင် စီ လော်ဘီချန်နယ်များဖြစ်ကြောင်း တွေ့ရပြီး နားလည်မှုလွဲမှားစေမည့် သတင်းအမှားများ ဖန်တီးရေးသားလေ့ ရှိကြောင်း တွေ့ရသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-152641_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-152641_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-152641_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-152641_005.jpeg)