အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဆရာ တော် ဦးဝီရသူအား ယနေ့(စက်တင်ဘာ ၆ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီမှ အမှုရုတ်သိမ်းပြန် လည်လွှတ်ပေးလိုက်ကြောင်း မဘသ အသိုင်း အဝိုင်းထံက သိရသည်။
” ဆရာတော်ပြန်လည်လွတ်မြောက်ပြီ။ ဝမ်းသာလွန်းလို့မျက်ရည်တောင်ကျတယ်။တာဝန်ရှိသူအားလုံးကိုကျေးဇူးအထူးတင်မိတယ်” ဟု ဆရာတော်ဦးဝီရသူနှင့်နီးစပ်သည့် မဘသထောက်ခံသူ အမျိုးသမီးတစ်ဦးက ၎င်း၏ဖေ့ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဦးဝီရသူသည် ပြီးခဲ့သည့်သြဂုတ်လအတွင်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီးနောက် ယခုတွင်ပြန် လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မဘသ ထောက်ခံသူအသိုင်းအဝိုင်းက အတည်ပြုပြော ဆိုသည်။
အဆိုပါ ဆရာတော်လွတ်မြောက်ခြင်း ရှိ/မရှိ အ တည်ပြုရေး အကျဥ်းဦးစီးဌာန အားမေးမြန်းခဲ့ရာ ဦးဝီရသူအနေဖြင့် အကျဥ်းထောင်အတွင်း မရှိသည်မှာကြာမြင့်ပြီဖြစ်၍ မသိရကြောင်း သိရသည်။
” သူ အကျဥ်းထောင်မှာ မရှိတာကြာပြီ။ ကိုယ်တို့ကွပ်ကဲမှုအောက်မှာမရှိလို့ လွတ် လားမလွတ်လား ကိုယ်တို့လည်းမသိဘူး။” ဟု အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းအေး ကျော်က MPAသို့ပြောသည်။
အဆိုပါဆရာတော်သည် ယခင်အရပ်သားအစိုးရ လက်ထက်က အမျိုးသားရေးဟောပြောပွဲတစ်ခု၏ ဟောပြောမှုများကြောင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့်တရားစွဲဆိုခံရသဖြင့် ကရင် ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀ ၂၀ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာလဆန်း တွင် လာရောက်အဖမ်းခံခဲ့ကာ အင်းစိန် ထောင်တွင်းချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ၎င်းနှင့်ပုဒ်မတူ နိုင်ငံ ရေးအကျဥ်းသားများအား စစ်ကောင်စီက ပြန် လည်လွှတ်ပေးခဲ့ပြီး ၎င်းအားဆက်လက်ချုပ်နှောင်ထားခဲ့သော်လည်း မေလမှစ၍ အင်းစိန် ထောင်တွင်းမရှိတော့ဘဲ လက်မောင်းအကြောကပ်ရောဂါဖြင့် မဂ်လာဒုံစစ်ဆေးရုံတွင် ဆေးကု သမှုခံယူနေပြီး ၎င်းကာလနောက်ပိုင်းမှ စ၍ အကျဥ်းထောင်နှင့်အဆက်ပြတ်နေကြောင်း သိရသည်။