သံတွဲတွင် စစ်တပ်၏လက်နက်ကြီးထိမှန်ပြီး အရပ်သားလေးဦးထက်မနည်းဒဏ်ရာရ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားလေးဦးထက်မနည်းထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သံတွဲမြို့နယ်အတွင်းရှိ အောက်နတ်မော်ကျေးရွာကို မေ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ "လေးယောက်ထိတာ၊ ယောကျ်ားတစ်ယောက်ကအတော်လေးစိုးရိမ်ရတယ်ပြောတယ်၊ လည်ပင်းနားကိုအစမှန်တာဆိုတော့။...