စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေး တပ်ဖွဲ့တို့က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ အရာရှိတစ်ဦးသေ ဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီ၂၁ရက်၊မွန်းလွဲ၃နာရီခန့်တွင် တန့်ဆည်မြို့နယ် ရွှေလမ်းဆုံအထိုင်ချ စစ်ကောင်စီတပ်သည် ရွှေလှန်ရွာ၏ အရှေ့မြောက်ဘက်သို့ စစ်သားအင်အား ၁၂၀ခန့်ဖြင့် ထွက်ခွာလာစဉ် ဒေသခံPDFတို့၏ စောင့်ကြိုတိုက်ခိုက်မှု ခံရခြင်းဖြစ်ကြောင်း Taze Civil Revolution Force- TCRF(PLA) ကသတင်းထုတ်ပြန်သည်။
” ဖြစ်ဖြစ်ချင်းမှာတော့ အတည်ပြုလို့မရပါဘူး။ ဒီနေ့(ဇန်နဝါရီ၂၂ရက်)မနက် သတင်းပြန်ထောက်ကြည့်တဲ့အခါ ဗိုလ်အဆင့်ရှိတဲ့ တစ်ယောက် သေတယ်လို့ ထောက်လှမ်းရေးက အကြောင်းပြန်ပါတယ် ” ဟု TCRF ၏ သတင်းပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ယင်း စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် အက်တောကျေးရွာမှ အသက်၆၀ဝန်းကျင် အရွယ်ရှိ ရွာသား တစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
” ကျနော်တို့ အခု ၂ နာရီလောက်က သတင်းပြန်ထောက်ကြည့်တော့ ကန့်ဘလူ တင့်ကားတပ်ရင်း ၆၀၀၆ ကို စစ်တပ်က အကုန်ပြန်ဝင်သွားကြပြီ။ တန့်ဆည်မှာတော့ မရှိတော့ဘူး” ဟု တန့်ဆည်ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဇန်နဝါရီ၂၁ရက်နေ့ တိုက်ပွဲမှာ မိနစ်၂၀ခန့်ကြာခဲ့ပြီး Taze Civil Revolution Force- TCRF(PLA)၊PLA၊တပ်ရင်း ၄ ရင်းပေါင်း ဗျူဟာစစ်ကြောင်း၊ တိုက်နယ်(၂)ပကဖနှင့်ဓူဝံ ပကဖ တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကာ PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ဗိုလ်တစ်ဦး သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။