ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၂၄ ရက်၊ နံနက်အစောပိုင်းက ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြောက်ဦးမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် တရဆက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြောက်ဦးမြို့ခံ ၇ ဦးထိမှန်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။
စစ်ကောင်စီက မြောက်ဦးမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် မြောက်ဦးမြို့ပေါ်နေပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်ရန် ပြင်ဆင်နေကြပုံနှင့် မြောက်ဦးမြို့ပေါ်အခြေအနေများကို ဖော်ပြလိုက်ပါသည်။