စစ်ကောင်စီ၏ ရင်ဝတည့်တည့် ပြေးဝင်လာသော မြားအစင်းစင်းကို ညီနောင်မဟာမိတ်၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဟု ဆိုလျှင် မြန်မာပြည်သူတို့ လက်သီးလက်မောင်းတန်း ထောက်ခံကြမည်မှာ သေချာသည်။
ပွင့်လင်းရာသီသို့ ရောက်လုနီး မုန်တိုင်းအရှိန်ကြောင့် မိုးလေမစဲသေးသော်လည်း ၂၇ရက်သော အောက်တိုဘာ၊ရောင်နီပျိုးစ နံနက်၄နာရီခန့်တွင် မြားအစင်းစင်းတို့သည် အာဏာရူး၊ အာဏာယုတ်တို့၏ တပ်စခန်းများဆီသို့ ရွက်ကုန်လွှင့်လာခဲ့သည်။
ရှမ်းမြောက်တခွင် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်း လုံ၊ ဟိုပန်၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့တို့ရှိ စစ်ရေးအဓိကကျသောနေရာ အ များအပြား။၁၀၂၇ စစ်ဆင် ရေးမှာ ပြည်သူတို့ ပါး စပ်အဟောင်းသား အထင်ကြီးလောက်ဖွယ် အရှိန်အဟုန် ပြင်း စွာဖြင့် တိုက်ပွဲဝင်ခဲ့ ကြသည်။
ညီနောင်မဟာမိတ် ကိုးကန့်(MNTJP/MNDAA) ၊တအောင်း(PSLF/TNLA)နှင့် ရက္ခိုင်(ULA/AA)။ မြန် မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ၁၀၂၇စစ်ဆင်ရေး ကို စတင်လိုက်ပြီဟု စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲပြီးနောက် ထုတ်ပြန်ခဲ့သည်။ညီနောင်၃ဖော်တို့နှင့်အတူ BPLA(ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) စသည်တို့ လည်း ပူး ပေါင်းပါဝင်တိုက်ပွဲဝင်နေကြောင်း သိရသည်။
အရှိန်ပြင်းလှသော ၁၀၂၇ စစ်ဆင်ရေး၏ နောက်ဆုံးသိရသော သတင်းမှာ စစ်ကောင်စီတပ်စခန်း ၅၇ ကို သိမ်း ပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း MNDAA၏ အောက်တိုဘာ၂၉ရက် ထုတ်ပြန်ချက်အရ သိရ သည်။ရက် ပိုင်း မျှသော အချိန်တိုအတွင်း တပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ခြင်းမှာ နွေဦးတော်လှန်ရေး ကာလတစ် လျှောက် အကြီးကျယ်ဆုံးသော အောင် ပွဲဖြစ်သည်။၁၀၂၇စစ်ဆင်ရေးသည် ရလဒ်ကောင်းများဖြင့် တာထွက် နိုင် ခဲ့သလို နွေဦးတော်လှန်ရေး အတွက် အရေးပါ သောခွန်အားများလည်း ပေးစွမ်းနိုင်ခဲ့သည်။
အောက်တိုဘာ၂၇ရက်တွင် ရှမ်းမြောက်တခွင် ၁၀၂၇ စစ်ဆင်ရေးစတင်နေသလို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကိုလည်း KNLAပူးပေါင်းတပ်ဖွဲ့က နံနက် ၅နာရီဝန်းကျင်မှ စတင်ကာ ဝင်ရောက်စီးနင်းခဲ့ သည်။ကော့ကရိတ်မြို့တွင်း၊မြို့ပြင် ခွန်ပြည့်အားပြည့် အပေါ်စီးမှနေ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်မှု။ ကော့ကရိတ်မြို့တွင်းရှိ ဌာနဆိုင်ရာရုံးများသည် ပူးပေါင်းတပ် ခြေဖဝါးအောက် ပြားပြားမှောက်။စရဖရုံး(စစ် ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)နှင့်ရဲသတင်းတပ်ဖွဲ့ရုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ကော့ကရိတ်နယ်မြေစိုးမိုးရေး အတွက် နေရာယူစစ်ဆင်ရေး လုပ်ဆောင်နေကြောင်း ပူးပေါင်းတပ်ဖွဲ့ထံက သိရ သည်။
နောက်ထပ် မှတ်သား အားတက်ဖွယ်ရာ သတင်းတစ်ရပ်က အောက်တိုဘာ၂၇ရက်၊ညနေပိုင်းတွင် ထွက်ပေါ်လာသော NUGအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ဖြစ်သည်။NUGကာကွယ်ရေးဝန် ကြီးဌာနက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်း၊ညီနောင်မဟာမိတ်၃ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲကာ ၁၀၂၇စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင် ပူးပေါင်းသွားမည်ဖြစ်ပါ ကြောင်း။စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး စစ်ဆင်ရေးကြီးတစ်ရပ် စတင်ပြီဖြစ် ပါကြောင်း။ မြန်မာ ပြည် သူတို့ လက်ခုပ်သံတဖြောင်းဖြောင်း ထပ်မြည်ခဲ့ကြသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အဆက်အစပ် နောက်ထပ်မှတ်သားဖွယ်ရာ တစ်ချက်မှာ NUGကာကွယ်ဝန်ကြီး ဌာန၊အတွင်းဝန် ဦးနိုင်ထူးအောင်၏ ပြောကြားချက်ဖြစ်သည်။ဦးနိုင်ထူးအောင်က ၁၀၂၇ စစ်ဆင်ရေးစတင် တော့မည်ကို စစ်ကောင်စီက အတိုင်းအတာတစ်ခုအထိ ရိပ်စားမိကြောင်း သိရှိရသဖြင့် စိတ်ပူပန်ခဲ့ရသည်ဟု ဆို၏။
၎င်း၏ ပြောစကားအရ ၁၀၂၇စစ်ဆင်ရေးသည် ညီနောင်၃ဖွဲ့က သီးခြားဖော်ဆောင်ခြင်းမျိုးမဟုတ် ဘဲ NUGအစိုးရ၊မဟာမိတ်အဖွဲ့များနှင့် နှီးနှောတိုင်ပင်မှုရှိသော စစ်ဆင်ရေးဖြစ်ကြောင်း ပေါ်လွင်လာပေသည်။ ထို့ကြောင့် ၁၀၂၇စစ်ဆင်ရေးနှင့် တစ်ပြိုင်တည်း KNLAပူးပေါင်းတပ်၏ ကော့ကရိတ်မြို့ စီးနင်းမှုတိုက်ပွဲမှာ အတွင်းပိုင်း ချိတ်ဆက်မှုရှိသော စစ်ဆင်ရေးများဖြစ်ကြောင်း သေချာပေါက်ပြောနိုင်ပေသည်။
ထို့အပြင် စစ်ကောင်စီခေါင်းဆောင်များက MNDAA ၏ တိုက်ပွဲအတွက် ပြင်ဆင်နေမှုကို သိရှိသော် လည်း လုံလောက်သော ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိမှုက စစ်တပ်အတွင်း ဖြစ်သလို ပြီးစလွယ်စီမံခန့်ခွဲ မှု နှင့် လက်အောက်ငယ်သား စစ်သားတို့ အသက်ကို မငဲ့ကွက်သော တာဝန်ပျက်ကွက်မှုဖြစ်ကြောင်း ထင်ရှားနေ ပါသည်။
ထိုသို့သော ဖရိုဖရဲ ဗရမ်းဗတာဖြင့် သိုက်တူးရန်သာ သိသော နေပြည်တော်ကျည်ကာမှန်ခန်းထဲက စစ်ခေါင်းဆောင်တို့၏ စစ်တပ်ကို ချေမှုန်းပစ်ရန်မှာ ကျွန်ုပ်တို့ စိတ်ကူးယဉ်နေခြင်းမဟုတ်တာ သေချာသည်။ သို့သော်၊၁၀၂၇ စစ်ဆင်ရေး၏ မြားအစင်းစင်းတို့သည် စစ်ကောင်စီရင်ဝကို စိုက်ဝင်ခဲ့သော်လည်း ပြန်ဆွဲနှုတ် ရ မခက်သော စိုက်ဝင်ခြင်းမျှသာ ရှိသေးသည်။
ကျွန်ုပ်တို့ စုစည်းကြရန်၊ချိတ်ဆက်မှု အားကောင်းကြရန်နှင့် အားလုံးပါဝင်ပြီးဟန်ချက်ညီသော စစ် ဆင်ရေးဖြစ်ရန်လိုသည်။ယင်းမှသာ ဘက်အသီးသီးမှ ခပ်နက်နက်စိုက်ဝင်လာမည့် မြားချက်အသီးသီးတို့ ဖြင့် နှုတ်ရခက် သွေးပွက်ပွက်လျှံကာ စစ်အာဏာရှင်တို့၏ နောက်ဆုံးခံကတုပ်ကို အပြီးတိုင် ဖယ်ရှားပစ်နိုင်မည် မှာ ဧကန်အမှန်ဖြစ်ပေသည်။