အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သွေးစွန်းနေသောလက်ကို နွေးထွေးစွာ လက်ဆွဲ နှုတ်ဆက်ခဲ့သော ကျောသပ်ရင်သပ်ဒီပလိုမေစီမှာ အလုပ်မဖြစ်မှန်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက ဝန်ခံလိုက်ရပြီဖြစ်သည်။
မစ္စတာဘန်ကီမွန်းသည် မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် ဧပြီ၂၃ရက်ညနေတွင် နေပြည်တော်သို့ ခြေသံ လုံလုံဖြင့် ရောက်ရှိလာခဲ့ကာ နောက်တစ်ရက် ဧပြီ၂၄ရက်၌ မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်အချို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနေသောဧပြီ၂၄ရက် နေ့တွင် စစ် ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၉ကြိမ်ပြုလုပ်ခဲ့ ကြောင်း သ တင်းများကဖော်ပြကြသည်။
မစ္စတာဘန်ကီမွန်းက ပဇီကြီးရွာအပါအဝင်ပြည်သူကိုပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ကို လည်း မမြင်ချင်ယောင်ဆောင်ကာ ပြောသင့်ပြောထိုက်သည်များကို ပျော့ပျောင်းညင်သာသောသံတမန် ရေး ဝေါဟာရများဖြင့် တန်ဆာဆင်ကာ ပြောကြားခဲ့သည်။
အကြမ်းဖက်မှုများကို ချက်ချင်းရပ်ရန်နှင့် စစ်တပ်ဘက်ကပထမခြေ လှမ်းစတင်ရန် တောင်းဆိုခဲ့ သည်တဲ့။ရေရှည် တည်တံ့သော အဖြေတစ်ခုရရှိရန် NUGအစိုးရအပါအဝင် အားလုံးပါဝင်နိုင်ရေးကို အလေး ပေး ပြောကြားခဲ့သည်တဲ့။ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်နှင့် ကုလ သမဂ္ဂလုံခြုံရေး ကောင် စီ ၏မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ တို့ကို အရေးတကြီးဖော်ဆောင်ရန်နှင့် မင်းအောင် လှိုင် ပြု လုပ် ချင်နေသော ရွေးကောက်ပွဲကို မြန်မာပြည်သူများအပါအဝင် အာဆီ ယံကရောနိုင်ငံတကာအသိုင်း အ ဝိုင်းက ပါ အသိအမှတ်ပြုမှာမဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်တဲ့။မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင် များ ဘက်က မည်သို့တုံ့ပြန်ဆွေးနွေးခဲ့သလဲဆိုသည်ကိုတော့ မစ္စတာဘန်ကီမွန်းက ထုတ်မပြော။
ဧပြီ၂၇ရက်နေ့၊မစ္စတာဘန်ကီမွန်းနှင့် အွန်လိုင်းမှတွေ့ဆုံဆွေးနွေးခဲ့သော NUGနိုင်ငံခြားရေးဒုဝန်ကြီး က မင်းအောင်လှိုင်နှင့်တွေ့ခွင့်ရသည့်အပေါ် မစ္စတာဘန်ကီမွန်း ကျေနပ်နေပုံရကြောင်းနှင့် သူပြောချင်သည့် စကားကိုလူကိုယ်တိုင် တိုက်ရိုက်ပြောကြားနိုင်ခြင်းအပေါ် သူ့ခရီးစဉ်အောင်မြင်သည်ဟု ယူဆပုံရပြီး နောက် ထပ် နေပြည်တော်ခရီးစဉ်များ ထပ်ရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။
သို့သော်၊နေပြည်တော်ခရီးစဉ်ပြီးဆုံးခြင်း တစ်လကျော်သာကြာသေးသည့်အချိန် မေလ၃၁ရက်တွင် မစ္စတာဘန်ကီမွန်းက စစ်ကောင်စီတပ်၏အကြမ်းဖက်မှုများ အဆုံးသတ်နိုင်အောင် မြန်မာစစ်ခေါင်းဆောင် များကို သံတမန်ရေးအရ ပိုမိုဖိအားပေးရန် တိုက်တွန်းလိုက်သည်။
တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာဘန်ကီမွန်း ပြော ကြားခဲ့သည့် ယင်းသို့သောတိုက်တွန်းချက်ကို နောက်တစ်မျိုးဖွင့်ဆိုရသော် မင်းအောင်လှိုင်နှင့်စစ်ခေါင်း ဆောင်တို့ကို ကျောသပ်ရင်သပ် ဖျောင်းဖျညင်သာ အဖြေရှာ၍မရတော့ကြောင်း တစ်လကျော်ရုံကာလအတွင်း မစ္စတာဘန်ကီမွန်းအမြင်မှန်ရခြင်းပင်ဖြစ်သည်။
ဟုတ်ပြီ။မစ္စတာဘန်ကီမွန်းပြောသလို သံတမန်ဖိအားကို မည်သို့ တိုးမြှင့်ပေးကြမည်နည်း။မအောင် မြင်သော အာဏာသိမ်းပွဲစတင်ခဲ့သည့် ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်မှ ယနေ့ထိတိုင် နိုင်ငံတကာအသိုင်းအဝိုင်း က တစိုက်မတ်မတ် ထုတ်ပြန်ခဲ့သော ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များကို ထပ်တိုးထုတ်ဝေကြဦး မည်လော။
နိုင်ငံတကာအသိုင်းအဝိုင်း၏ စစ်ကောင်စီအပေါ် အသိအမှတ်မပြုမှု၊အဖက်မလုပ်မှုနှင့်အာဆီယံ၏ အကန့်အသတ်ဖြင့် အစည်းအဝေးမဖိတ်သောအရေးယူမှုများမှာ မင်းအောင်လှိုင်အတွက် လူသတ်မပျက် ကြောင်း ယနေ့ထိတိုင် နေ့စဉ်သက်သေပြလျက်ရှိသည်။
ယခုဇွန်လ၁၂ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေ ဇာမှာ တာဝန်သက်တမ်းကုန်ဆုံးပြီဖြစ်ပြီး ၎င်း၏အထူးကိုယ်စားလှယ်သက်တမ်းတစ်နှစ်ခွဲအတွင်း မြန်မာ့အ ရေးသံတမန်ရေးကြိုးပမ်းချက်မှာ သုညမှသည် တစ်ဖြစ်ရန် မျှော်လင့်၍ပင် မရခဲ့သည်မှာ အသားစားဘီလူးကို ဥပုသ်စောင့်ရန် ချော့မော့၍လည်းမရ၊ငေါက်ငမ်းပစ်ပယ်ခြင်းနည်းနှင့်လည်းအလုပ်မဖြစ်ကြောင်း ဖော်ပြနေ ပေသည်။
သို့သော်၊မစ္စတာဘန်ကီမွန်းကတော့ သံတမန်ရေးဖိအားတိုးမြှင့်ပေးရန်သာဆက်လက်တောင်းဆို လိုက်သည်။မြန်မာစစ်ခေါင်းဆောင်များကို သံတမန်ရေးဖိအား မည်သို့တိုးမြှင့်ပေးကြမည်နည်း။ ဖိအားမြှင့်ခြင်း ကြောင့် အဖြေတစ်ခုဆီရောက်နိုင်ဦးမည်လော။အဖြေတစ်ခုဆီရောက်ရန် နောက်ထပ်နှစ်မည်မျှကြာဦးမည် နည်း။ထိုအဖြေသို့မရောက်မီ နောက်ထပ်မြန်မာပြည်သူတို့၏အသက် မည်မျှထပ်ပေးရဦးမည်နည်း။
အထက်ပါမေးခွန်းများကို မစ္စတာဘန်ကီမွန်းနှင့်တကွ သံတမန်နည်းလမ်းကို တဖွဖွရေရွတ်နေကြ သောနိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် မြန်မာပြည်သူတို့၏မျက်နှာကို စေ့စေ့ကြည့်ကာ ခြေခြေမြစ်မြစ် ဖြေပြရန် လိုအပ်နေ ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ရွှေညောင်ပင်အခြေစိုက် ခမရ-၃၂၁ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ရွှေညောင်ပင်အခြေစိုက် ခမရ -၃၂၁ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIAစစ်ရေးသတင်းရင်းမြစ်က MPAသို့ ပြောသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ရွှေညောင်ပင်အခြေစိုက် ခမရ -၃၂၁ တပ်စခန်းကို...