ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွန်လ၂၉ ရက်တွင် NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်နှင့် ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြ ကြောင်း NUGက သတင်းထုတ်ပြန်သည်။
ယင်းတွေ့ဆုံပွဲတွင် ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန် ရေး နှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ပြီး တော်လှန်ရေးနှင့်ပတ်သက်သော အ ကြောင်းအရာများကို တက်ရောက်လာသည့် အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များ က မေးမြန်းခဲ့ကြကာ ဒေါ်ဇင်မာအောင်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်းနှင့် စုပေါင်းအင်အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်ဟု သိရသည်။
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-104241_002-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-104241_003-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-104241_004-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/07/signal-2024-07-02-104241_005-1024x768.jpeg)