စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲ၊နောင်ချို နှင့်မိုးကုတ်မြို့နယ်တို့တွင်ဒေသခံပြည်သူ ၂၂ဦးသေဆုံးပြီး အယောက်၃၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇွန်လ၂၅ရက်မှ ၂၉ရက်နေ့အထိ ငါးရက်တာအတွင်း စစ်ကောင်စီတပ်သည် ပြည်သူတို့၏နေအိမ်နှင့် ပြည်သူတို့ တည်ရှိရာနေရာများသို့ ဦးတည်ပစ်ခတ်ခြင်းကြောင့် ယင်းသို့ သေဆုံး၊ဒဏ်ရာရခြင်းဖြစ် ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ဒေသခံ နှစ်ဦး၊ ဇွန်လ ၂၆ ရက်တွင် လေးဦး၊ ၂၇ ရက်တွင် သုံးဦး၊ ၂၈ ရက်တွင်၁၁ဦးနှင့် ၂၉ရက်တွင် ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် TNLA တို့၏တိုက်ပွဲကြောင့် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြိုနယ်တို့တွင် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါးရှိကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-30-100813_002-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-30-100813_003.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-30-100813_004-1024x927.jpeg)