ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ၁၄၆ တပ်စခန်းကို တအောင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်၂၉ရက်)နံနက်ခုနှစ်နာရီတွင် ခလရ၁၄၆ တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား အလောင်း၁၀လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့နံနက်လေးနာရီခွဲကျော်တွင် နောင်ချိုမြို့၊ခမရ၆၀၆ စခန်းကို တိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုသည်။
ယနေ့နံနက်ငါးနာရီကျော်တွင် မိုးမိတ်မြို့၊ရွှေဆာလီကျေးရွာတွင် TNLAနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးမိတ်မြိုနယ်၊ လွယ်ဝိန်းတောင်ရှိ စကခ၂၁၊ ခလရ၂၂၃တပ်စခန်းတွင် နံနက် ၅နာရီခန့်က တိုက်ပွားဖြစ်ပွားခဲ့ကာ နံနက်၇နာရီခွဲခန့်တွင် မိုးမိတ်မြိုနယ်၊ လယ်ကြီးရှိ စကခ၂၁၊ ခမရ၃၄၈တပ်စခန်းတို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ဆိုသည်။