By Chun Nrein / MPA
စစ်အာဏာရှင်၏ ဖမ်းဆီး အကျဉ်းချခံထားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် အထိမ်းအမှတ် မဲဆောက်မြို့ရှိ မဲဆောက်ဆေးရုံကြီးတွင် မြန်မာပြည်သူများမှ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဝေးရောက်ဧရာဝတီအသင်း OIAက ဦးဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို မဲဆောက်ဆေးရုံကြီးမှာ ဇွန်လ ၁၉ရက်နေ့က ပြုလုပ်ခြင်း ဖြစ်သည်။