By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာရှိ TNLA တပ်မဟာ (၃) စစ်ဒေသ နယ်မြေခံတပ်စခန်းနေရာအနီး၌ ဇွန် ၁၇ရက် မနက်ပိုင်းတွင် ဟင်းသီးဟင်းရွက်ရှာသည့်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိသေဆုံးဆိုသည့်သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“MT News_Myanmar Transparency” “ ALINKAR SITT” “Naymin News Channel” “Ye Yint Htet” နှင့် “Snow Queen” တယ်လီဂရမ်ချန်နယ်များက ဇွန် ၁၈ရက် မွန်းလွဲပိုင်းတွင်သတင်းအမှားအကြောင်းအရာအား ရေးတင်ခဲ့ခြင်းဖြစ်သည်။
သတင်းအမှား link များ >>>
https://archive.ph/wip/ae17B
https://archive.ph/wip/2kWT2
https://archive.ph/wip/BmepD
https://archive.ph/tJt40
https://archive.ph/wip/fAOYH
အဆိုပါတယ်လီဂရမ်ချန်နယ်များတွင် TNLAစစ်ဒေသ (၃) အခြေ ချရာ ခလရ ၁၃၀ တပ်စခန်းဟောင်း ပြန်အသိမ်းမခံရရန် TNLAဘက်က မြေမြှုပ်မိုင်းထောင်ခြင်း၊ထောင်ချောက်ပြုလုပ်ခြင်း၊လက်နက်တပ်ဆင်ခြင်း ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောကြောင်း ရေးသားထားသည်။
သတင်းအမှားဖြစ်ကြောင်းစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည့် ” မန်တုံမြို့ မန်တောက်ကျေးရွာ” ဟူ၍ Google တွင် keyword ဖြင့် ရှာဖွေကြည့်ရာ MPA နှင့် Tarchileik News Agency တို့တွင် သတင်းဖော်ပြထားပြီး PSLF/TNLA တယ်လီဂရမ်ချန်နယ်တွင်လည်း သတင်းထုတ်ပြန်ထားသည်။
Myanmar Pressphoto Agency နှင့် Tarchileik News Agency တို့တွင် မန်တုံမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းဟောင်းအနီး မှိုသွားရှာသည့် အမျိုးသမီး မိုင်းနင်းမိပြီးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
PSLF/TNLA တယ်လီဂရမ်ချန်နယ်တွင် စစ်ကောင်စီ တပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီးတွင် ဟင်းသီးဟင်းရွက်သွားရှာစဥ် မြေမြှုပ်မိုင်း နင်းမိ၍ ပေါက်ကွဲကာ နေရာတွင်ပင် သေဆုံးသွားသည်ဟုဖော်ပြထားသည်။
ထို့အပြင်၁၀၂၇ စစ်ဆင်ရေးကာလတိုက်ပွဲ ဖြစ်ပွားခဲ့သည်နေရာများတွင် စစ်လက်နက်အကြွင်းအကျန်နှင့်မိုင်းအန္တရာယ်များရှိနေသေးသဖြင့်မိဘပြည်သူများအနေဖြင့် တောတောင်ထဲသို့ အလုပ်သွားသည်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များရှာဖွေသည်ဖြစ်စေ သတိပြုရန်တိုက်တွန်းထားသည်။
သတင်းlink များ –
https://archive.ph/wip/who9N
https://archive.ph/wip/avZIR
https://archive.ph/wip/uDh0o
သတင်းအချက်လက်များအား အဆင့်ဆင့် အတည်ပြု ရေးသား နေသော သတင်းမီဒီယာများတွင် စစ်ကောင်စီတပ်စခန်းဟောင်းအနီး မှိုရှာသူအမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကာပေါက်ကွဲသေဆုံးခဲ့သည်ဟုသာဖော်ပြထားသည်။ စစ်ကောင်စီလော်ဘီများ ရေးသားဖြန့်ဝေနေသလို TNLA ဘက်က စစ်ကောင်စီတပ်စခန်းသိမ်းပြီး နောက် မြေမြှုပ်မိုင်း ထောင်ခြင်း၊ ထောင်ချောက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်းပြုလုပ်ခဲ့သည်ဟု မဖော်ပြထားသောကြောင့် သတင်းအမှားဖြစ်ကြောင်း စိစစ် သိရှိနိုင်သည်။
ဒါ့ကြောင့် ဒီသတတင်းအမှားသည် Misleading Content (အထင်မှားစေသောအကြောင်းအရာ) အမျိုးအစား သတင်းအမှား ဖြစ်သည်။
တယ်လီဂရမ်ချန်နယ်များတွင် စစ်ကောင်စီလော်ဘီများသည် သတင်းအတု၊ သတင်းအမှားများအား မကြာခဏ ဖန်တီးရေးသားလေ့ရှိပြီး လော်ဘီချန်နယ်များ အချင်းချင်း သတင်းအမှားများကို ကူးယူဖော်ပြလေ့ရှိကြသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-164300_002.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-164300_003.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-164300_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-164300_005.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-164300_006.jpeg)