By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မြို့နယ်အနှံ့အပြား၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အကြိုအဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယနေ့ (ဇွန်လ ၁၈ရက်)တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ဝက်လက်မြို့နယ်၌ လူထုလုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံကသိရသည်။
“ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုသောအားဖြင့်ရော သူတို့နဲ့အတူတူရပ်တည်တဲ့ အကြောင်းရော၊ စကစက ဘယ်လိုပဲ ဖိနှိပ်၊ဖိနှိပ် ငုံ့မခံဘူး။ ဘယ်လိုပဲ ဖိနှိပ်၊ ဖိနှိပ် မြေတစ်လက်မရှိရင် တစ်လက်မပြန်ပြီး တုံ့ပြန်မယ်ဆိုတဲ့ ပြည်သူ့ ဆန္ဒကို ထုတ်ဖော်ပြောပြတာပါ” ဟု ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မ တီမှ ကိုနေမင်းခန့်က MPAသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုလှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အဖမ်းဆီး ခံနိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ရေးနှင့် လူငယ်များ၏ ပျောက်ဆုံးနေသော အနာဂတ်အခွင့်အ လမ်းများပြန်လည်ရရှိရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်းလည်း ကိုနေမင်းခန့် ကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုမြို့နယ်၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ကလေးမြို့နယ်တို့တွင် မွေးနေ့အကြိုလူထုလှုပ်ရှားမှုများ ပြုလုပ်ကြသလို မြန်မာနိုင်ငံအနှံ့အပြားရော နိုင်ငံတကာ၌ပါ မွေးနေ့အကြိုအဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့ဖြစ်သော ဇွန်လ၁၉ရက်တွင် ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေအဖြစ် ပြည်လုံးကျွတ်ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_002-1024x576.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_003-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_004-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_005-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_006.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-18-195159_007.jpeg)