By Sayar Ngaat /MPA
ကမ္ဘာ့ရှားပါးစာရင်းဝင် ကြောင်မျိုးစိတ်တစ်မျိုးဖြစ်သည့် ကြောင်တံငါမျိုးစိတ်သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် လုပ်ဆောင်နေသူများထံမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရှားပါးစာရင်းဝင် ကြောင်တံငါအား ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာအုပ်စုတွင် ၂၀၂၄ခုနှစ်၊ ဇွန် ၁၅ရက်တွင် ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့-KTCG က မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။