By Chun Nrein / MPA
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မြို့တော်ဝန်ရုံးက ဦးစီးကျင်းပခဲ့သည့် Maesot Pride 2024 ကို မဲဆောက်မြို့ လူစည်ကားရာနေရာများတွင် ဇွန် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို ဘန်ကောက်နှင့် မဲဆောက်မြို့တို့မှ လိင်စိတ်ခံယူမှုကွဲပြားသူ အများအပြားတက်ရောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှ လိင်စိတ်ခံယူမှု ကွဲပြားသူများလည်း တက်ရောက်ခဲ့ကြသည်။
ယင်းပွဲတွင် မြန်မာ LGBTIQ များအနေဖြင့် မြန်မာနိုင်ငံရေးနှင့် ပတ်သက်သည့် သရုပ်ဖော်မှုများ ထုတ်ဖော်ပြသရန်စီစဉ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော်ပြသခွင့် မရခဲ့ကြောင်း သိရသည်။