မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဝင်ရောက်မစွက်ဖက်ခြင်းသည် လျစ်လျူရှုရန် ဆင်ခြေတစ်ခု မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဇွန်လလေးရက်၊ ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စားပွဲဝိုင်း (APR) ကြိုဆိုညစာစားပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Anwarက ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
“ပြည်တွင်းဆိုင်ရာ အပြောင်းအလဲတွေမှာ ဒေသတွင်း အကျိုးသက်ရောက်မှုတွေ ရှိလာတဲ့အတွက် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို လျစ်လျူရှုထားလို့ မရပါဘူး။ အထူးသဖြင့် အဓမ္မအင်အားသုံးခံရလို့ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ဒါမှမဟုတ် နေရပ်ပြန်ခွင့်မရှိတော့တဲ့သူတွေဖြစ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့အကျိုးဆက်ကို မလေးရှားနိုင်ငံက ရင်ဆိုင်နေရပါတယ်။ ဝင်ရောက်မစွက်တာက လျစ်လျူရှုဖို့အတွက် ဆင်ခြေတစ်ခုတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအရေးသည် အာဆီယံအတွက် ကိုင်တွယ်ဖြေရှင်းရမည့် အရေးအကြီးဆုံး ပြဿနာများထဲမှ တစ်ခုအဖြစ် ရှိနေပြီး ပိုကောင်းအောင် လုပ်နိုင်ကြောင်း Datuk က ပြောသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဖြူးခြင်း၏ ထိရောက်မှုကို မြှင့်တင်ရန်နှင့် နိုင်ငံရေးပြန်လည်သင့်မြတ်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။
Asia-Pacific Roundtable (APR)ကို ဇွန်လ လေးရက်မှ ခြောက်ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည်။
မလေးရှားနိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌနေရာကို တာဝန်ယူရမှာ ဖြစ်ပြီး မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းသည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
Ref; BERNAMA – Malaysian National News Agency