စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ဒေသခံ တစ်သောင်းခန့် အရေးပေါ်စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။
ပုလဲမြို့ပေါ်မှ စစ်သား နှင့် ပျူစောထီး ပူးပေါင်း အင်အား ၈၀ ကျော်တို့သည် ဖေဖော်ဝါရီ ၁၅ ရက်နေ့ မှ စ၍ ပုလဲမြို့ အနောက်ပိုင်း တစ်လျှောက် စစ်ကြောင်း ထိုးနေခြင်းကြောင့် ကျေးရွာ ၁၅ရွာကျော်ရှိ ပြည်သူများ စစ်ရှောင်နေရခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ထံ က သိရသည်။
“ ပုလဲမြို့ပေါ်ကနေ စထွက်လာတာဆို ၂ ပတ်နီးပါး ကို ရှိပါပြီ။ အခုဆို စစ်ရှောင် ပြည်သူ ၁ သောင်း နီးပါး ရှိသွားပြီ ” ဟု ပုလဲမြို့နယ် ပအဖ တာ၀န်ခံ ဦးဇော်ထက်က ပြောသည်။
ယင်းစစ်ရှောင် ကျေးရွာအများစုမှာ ပုလဲမြို့ပေါ်မှ စစ်ကြောင်း စထွက်သည့်အချိန်ကတည်းက တိမ်းရှောင်နေရခြင်းဖြစ်ပြီး ဘေးကင်းမည့် ရွာများသို့ သွားရောက် စစ်ရှောင်ကြသူများကြောင်း သိရသည်။
“ အခု စစ်ကြောင်းက ပုလဲ မြို့ နဲ့ ၇ မိုင် နီးပါးထိ ရောက်လာ ပြီ ဆိုတော့ စစ်ရှောင်ရတဲ့ ရွာက ပိုများလာတယ်။ တချို့ ရွာတွေကတော့ စထွက်လာတုန်းက မရှောင်ရဘူး။ ကိုယ့် ရွာနဲ့ နီးမှ ရှောင်ကြတာပေါ့။ ဒီရွာစစ်ကြောင်းရောက် ရင် ဟိုရွာပြေး ပေါ့” ဟု စစ်ရှောင်ဒေသခံ တစ်ဦး က ပြောသည်။
လက်ရှိ အချိန်၌ ပုလဲမြို့နယ် အတွင်းရှိ မင်းတိုင်ပင်၊ သရက်၊ မြေနီကုန်း၊ချောင်းနား၊ဝါးကြီးတော၊အောင်ချမ်းသာ၊သပြေအေး၊ဦးနောက်၊ေကြာင်၀င်ဒူး ၊သာယာကုန်း၊ထန်းတောတိုက် ၊ကိုးပင် ရွာ အပါအ၀င် ကျေးရွာ ၁၅ ကျော်မှ ပြည်သူ များ တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ယင်းစစ်ကြောင်းသည် ကျေးရွာများမှ ရိက္ခာများ လုယက်၍ ပုလဲမြို့နယ် အတွင်းရှိ အင်မထီး ပျူစောထီး ရွာ၊ ဇီးဖြူကုန်း ပျူစောထီး ရွာနှင့် ကန့်ဒေါင့် နယ်ေမြ ရဲစခန်းတို့သို့ ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
“ ဒီ ၂ ပတ် အတွင်းမှာ ရောက်သမျှ ရွာတွေကနေ ရိက္ခာ တွေ ယူတယ် ။ ပြီးရင် သူတို့ ပျူရွာတွေကို ရိက္ခာ တွေ လှည်းတွေ၊ ကားတွေ၊ လူတွေနဲ့ သယ် ကြတာ ၊ အခုတော့ အကုန်နီးပါးကို ပို့လိုက်နိုင်ပြီ ရယ်” ဟု ဦးဇော်ထက်က ဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ မြေနီကုန်း၊ထန်းတောတိုက်နှင့် သရက်ကျေးရွာထဲသို့ စစ်ကြောင်း ၀င်ရောက်ကာ ပြည်သူ ပိုင် ပစ္စည်းများ လုယက်၍ ဇီးဖြူကုန်း ပျူရွာသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။
ထို့နောက် မင်းတိုင်ပင် ကျေးရွာ အတွင်းသို့ ၀င်ရောက် လုယူခဲ့သည့် အပြင် ယခင် သစ်စက် ၀င်းအတွင်းရှိ ပြည်သူ့ နေအိမ်များနှင့် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာ၀န်ခံ ဦးဇော်ထက်၏ နေအိမ် အပါအ၀င် နေအိမ် ၉ လုံးအား မီးရှို့ ဖျက်ဆီး ခဲ့သေးသည်။
“ ၂၅ ရက်နေ့ကတော့ မင်းတိုင်ပင်က ကျနော့်အိမ် နဲ့ ကျနော့် ညီ အိမ် အပါအ၀င် ရွာက သစ်စက်ထဲ နေတဲ့ ၀န်ထမ်းတွေရဲ့ နေအိမ်တွေပါ မီးရှို့ ဖျက်ဆီးသွားခဲ့တာပါ” ဟု ၎င်း က ပြောသည်။
မင်းတိုင်ပင် ကျေးရွာအတွင်းရှိ သစ်စက်မှာ ယခင် ၁၀ နှစ် ၀န်းကျင်မှ စ၍ လုပ်ငန်းများ ရပ်ထားခဲ့ပြီး ဖြစ်သော်လည်း ၀န်ထမ်းများမှာ စက်ရုံ၀င်းအတွင်း၌သာ နေထိုင်၍ အခြား အလုပ်များ လုပ်ကိုင် နေကြကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့၌ ဝါးကြီးတော ကျေးရွာ သို့ ၀င်ရောက်လုယက်ကာ ကန့်ဒေါင့် နယ်မြေရဲစခန်းသို့ ရိက္ခာ များစွာ ပို့ဆောင်ခဲ့ကြောင်း ထို့နောက် အောင်ချမ်းသာ ကျေးရွာနှင့် ကြောင်၀င်ဒူး ကျေးရွာ အတွင်းသို့ ၀င်ရောက် ညအိပ် တပ်စွဲ ကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ အထိ ထိုကျေးရွာများ အတွင်း၌သာ တပ်စွဲ ထားကြောင်း သိရသည်။