စစ်ကိုင်းမြို့နယ်အတွင်းရှိ ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း၃ခုဝင်ရောက်စီးနင်းခံရပြီး PDFရဲဘော် ၁၃ဦးကျဆုံး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ကင်းတော်၊ကိုင်းပြင်နှင့် ဥယျာဥ်ကျေးရွာအနီးရှိငါန်းဇွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း ၃ခုကို ဇွန်လ ၂၅ရက်နေ့၊နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ၄ဦးလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းငါန်းဇွန်PDF နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ အင်အားက စုစုပေါင်း ၄၀၀လောက်ရှိတယ်၊လက်နက်ကြီး၊လက်နက်ငယ်ပစ်ပြီးဝင်လာမှ အစီးခံရမှန်းသိတာ၊ရေကြောင်းကနေလည်း ဝင်စီးတာ၊အခုအလောင်း ၇လောင်းရထားပြီလို့သိရတယ်” ဟု၎င်းကဆိုသည်။
ကင်းတော်ရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းမှအလောင်းအချို့၊ စနိုက်ပါသေနတ်တစ်လက်၊ လက်နက်မျိုးစုံ ၁၅လက်၊ ၁၀၇(မမ)ဗုံးသီး၂လုံး၊ဗုံးသီး၊ကျည်မျိုးစုံ၅၀၀၉တောင့်နှင့် ဆက်စပ်ပစ္စည်းတို့ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။