အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် မီးပြတ်များလာသည့်အပေါ် NLD အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပြောခဲ့သည့် အဆိုတော် ဗျူဟာသည် လက်ရှိတွင်ဖမ်းဆီးခံထားရပြီး မိသားစုများနှင့်လည်းအဆက်အသွယ်မရသေးကြောင်း အဆိုတော် ဗျူဟာ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယမန်နေ့ မေလ ၂၃ ရက်နေ့က Hip Hop အဆိုတော်ဗျူဟာသည် ၎င်း၏ Facebook လူမှုကွန်ရက် ပေ့ချ်ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီလက်ထက် မီးပြတ်များလာသည့် အကြောင်းများအား အရပ်သားအစိုးရ (NLD) လက်ထက်က အခြေအနေများနှင့် နှိုင်းယှဉ် ပြောပြခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဗျူဟာ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ညတွင်းချင်း ဖမ်းတာပါ။ မနက်မှ မဟုတ်ပါဘူး။ သူလည်း မီးပျက်တာများတော့ စိတ်အိုက်လူအိုက်နဲ့ သူ့ပရိသတ်တွေကို ရင်ဖွင့်မိသွားတာပေါ့။ ည ၁၁ နာရီ ခွဲလောက်က သူ့အိမ်ကို လာဖမ်းသွားတာပါ။ စခန်းမှာ မရှိဘူး။ အင်းစိန်ထောင်ဘက် တန်းပို့တယ်လို့ ကြားတယ်” ဟု ဗျူဟာ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ အဆိုတော်ဗျူဟာအား ဖမ်းဆီးချိန်တွင် မည်သည့် ပုဒ်မဖြင့် ဖမ်းဆီးကြောင်းမပြောဆိုဘဲမေးမြန်းစရာရှိကြောင်းသာ ပြောဆိုသွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ထောင်တွင်းတရားရုံးဘက်ပို့တာပေါ့။ သူပြောတာတွေကို စစ်တပ်ထောက်ခံတဲ့ကောင်တွေက ဝိုင်းညှောင့်ကြတော့ ဖမ်းသွားတာ။ ရိုက်နှက်ခံထားရတယ်။ ပြီးတော့ မူးယစ်ပုဒ်မနဲ့ ဖမ်းဆီးမယ်လို့ကြားတယ်” ဟု MPA ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုတော်ဗျူဟာအား စစ်ကောင်စီတပ်မှ မိသားစုနှင့် ပေးမတွေ့သေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အသိမပေးထားကြောင်း MPA အနေဖြင့် စုံစမ်းသိရှိရသည်။
အာဏာသိမ်းကာလတွင် မြန်မာပြည်သူများအနေဖြင့်
လွတ်လပ်စွာပြောဆိုခွင့်များ လုံးဝကွယ်ပျောက်သွားခဲ့ပြီး စစ်ကောင်စီသည် ၎င်းတို့အား ဝေဖန်ပြောဆိုသည့်သူများနှင့် ဆန့်ကျင်သူများကို ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖိနှိပ်လျက်ရှိသည်။
ကိုးကန့်တပ်၏ သေဒဏ်စီရင်မှု လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် တော်လှန်ရေးရဲဘော်များလည်း ရှု့မြင်
ကိုးကန့်တပ် (MNDAA) က ၎င်းတို့၏ တပ်ဖွဲ့ဝင် သုံးဦးအား သေဒဏ်စီရင်ခံခြင်းအား ဥရောပသမဂ္ဂ(EU) က ကန့်ကွက်ခဲ့သည့်အပြင်၊ လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရက်တစ်ခုဖြစ်သည်ဟု တော်လှန်ရေးရဲဘော်များကလည်း ရှု့မြင်ကြောင်း ပြောဆိုမှုများရှိနေသည်။ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၅ရက်တွင် EU...