အကြည်ဘန်းကျေးရွာသား ၂ ဦး စစ်ကောင်စီတပ်ကြောင့် သေဆုံး
မကွေးတိုင်း၊ထီးလင်းမြို့နယ်၊အကြည်ဘန်ကျေးရွာတွင် စစ်ကောင်စီတပ်မ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မေလ
၆ ရက်နေ့ကရွာသားတစ်ဦးသေဆုံးပြီးနောက်ထပ်တစ်ဦးသေနတ်ဖြင့်ပစ်သ တ်ခံရသည်ဟု ရွာသားများက အတည် ပြုပြောကြသည်။
“ စစ်သားတွေကရွာကိုလက်နက်ကြီးတွေနဲ့ထုပြီးလာတာ၊ရွာသားတွေကလဲ ပြေးရင်းလွှားရင်းနှင့် ရွာအနောက်ဘက်လယ်ပြင်မှာ ရွာသားတစ်ဦးကိုလက်န က်ကြီးမှန်သွားတာ။” ဟု ရွာသားတစ်ဦးမှ MPAသို့ပြောသည်။
ထိုစစ်ကောင်စီတပ်သည် ကျေးရွာအ တွင်သို့မဝင်မီ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက် ၄၉ နှစ်အရွယ်ရှိ ရွာသားတစ်ဦးလကနက်ကြီးကျည်ထိ မှန်ပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ဆို
ကြသည်။
ထို့နောက် အသက် ၅၁ နှစ်အရွယ်ကျေး ရွာသားတစ်ဦးသည်လည် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ထွက်ပြေးလာစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တွေ့ရာ
သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဟု ရွာသား
များက ပြောသည်။
ထိုအပြင်အကြည်ဘန်းကျေးရွာသားအ ချို့ကိုဖမ်းဆီးပြီး စစ်ကောင်စီတပ်က ဖလမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည် ဟု ရွာသားများက ဆိုကြသည်။
ထိုအကြည်ဘန်းရွာရှိပြည်သူများသည် နီးစပ်ရာကျေးရွာများ၊တောများသို့ထွ က်ပြေးတိမ်းရှောင်နေရသဖြင့်အကူအ ညီများလိုအပ်နေကြောင့်လည်း ဆိုကြသည်။