ကချင်ပြည်နယ်၊ကားမိုင်းမြို့နယ်နှင့်ဖားကန့်မြို့နယ်ကြားရှိ ဆိုင်းဖရာကျေး ရွာသား ၄၅ ဦးကို ဧပြီလ ၁၈ ရက်၊ယ နေ့နံနက် ၈ နာရီအချိန်ခန်က စစ်ကောင် စီတပ်မှလူသားဒိုင်းကာအဖြစ်ကားလေးစီဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အဆိုပါပြည်သူများကိုဖမ်းဆီးခေါ် ဆောင်လာခဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွှတ်မြောက်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ပြီးပြန်လ ည်ကယ်တင်ပို့ဆောင်ပေးခဲ့ကြောင့် KIA၏မြေပြင်တပ်ဖွဲ့ဝင်များက အတ ည်ပြုပြောသည်။
” သူတို့က ရွာထဲဝင်ပြီးရွာသား ၄၅ ဦးကို လူသားဒိုင်းကာလုပ်ပြီးကား ၄ စီးနဲ့ တက်လာတာ။ကျွန်တော်တို့ ပြန်လည် ပစ်ခတ်တိုက်ခိုက်လိုက်တော့ ရှေ့ကားတစ်စီး ပျက်စီးသွားတယ်။စစ်သားတွေ လည်း တောင်မြောက်ပြေးသွားတယ်။” ဟု KIA ၏မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
အဆိုပါတိုက်ပွဲအတွင်းလူသားဒိုင်းကာအဖြစ်စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားသည့်အထဲက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်သေဆုံးပြီး၊အမျိုးသားနှင့်အမျိုးသမီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့်ဒေသ ခံရွာသားများက ပြောသည်။
ထိုထိခိုက်ဒဏ်ရာရရှိခဲ့သူများကိုနီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့ပြီးဆေးကုသခံယူနေကြောင်းလည်း ဒေသခံရွာသားများက ဆိုကြသည်။
“ အားလုံးတော့ပြန်လွတ်လာခဲ့တယ်။ ကားတစ်စီးတော့ပေါက်ကွဲသွားပြီး၊ ကျွန်တော်တို့ရွာက မိန်းကလေးတစ်ဦး ကျည်ထိမှန်လို့ သေသွားတယ်။ပြီးတော့ အမျိုးသား၂ ဦးနဲ့ အမျိုးသမီး၃ ဦးလည်းဒဏ်ရာပြင်းထန်တယ်။သူတို့ကိုတော့ နီးစပ်တဲ့ ဆဘော်ဆေးရုံကို ပို့လိုက်တယ်။” ဟု ရွာသားတစ်ဦးက MPA သို့ ပြောသည်။
ထိုစစ်ကောင်စီတပ်သည် ခမရ ၁၁တပ်ရင်မှစစ်ကြောင်းဖြစ်ပြီး ထိုစစ် ကြောင်းကို KIA၏ တပ်ရင်း ၄၄မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထိုထိတွေ့တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုများကို မသိရသေးပေ။
ထိုကချင်ပြည်နယ်အတွင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့များနှင့်စစ်ကော င်စီတပ်တို့ကြား နှစ်ဘက်တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီးဧပြီလ ၁၇ ရက်၊မနေ့ကလည်း စစ်ကောင်စီတပ်နှင့်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည် သူ့စစ်(SNA)ပူးပေါင်းစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းလည် KIA မြေပြင်တပ်ဖွဲ့ဝင်များက ဆိုကြသည်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)အပါအ ဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ကြား နေ့စဥ်နေ့တိုင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီးဒေသခံပြည်သူအများအပြားလည်း စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။