စစ်တပ်က ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်၊ ချောင်းနားရွာသားတစ်ဦးမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
ချောင်းနားရွာသားတစ်ဦးဖြစ်သည့် ဦးသိန်းထွန်း(၄၅နှစ်)သည် ချောင်းနားရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်အကြမ်းဖက် မီးရှို့ခဲ့သည့် ဇန်နဝါရီ၉ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။စစ်ကောင်စီတပ်သည် ဦးသိန်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညှင်းပန်းနှိပ်စက်ခံထားရသောဒဏ်ရာများဖြင့် ဇန်နဝါရီ၁၁ရက်၌ ရွာသို့ပြန်ရောက်လာကာ ဇန်နဝါရီ၁၇ရက်က ကွယ်လွန်သွားခဲ့ခြင်းဖြစ် ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များက ယနေ့ထုတ်ပြန်သည်။
“၉ရက်နေ့က စစ်ခွေးတွေ ရွာထဲဝင်စီးတဲ့အချိန်မှာ တစ်ရွာလုံးထွက်ပြေးကြတာ။ရုတ်တရက် ဝင် စီးတာဖြစ်လို့ ဦးသိန်းထွန်းအဖမ်းခံလိုက်ရတယ်။စစ်ခွေးတွေ ရွာကနေထွက်တော့ ဖမ်းသွားတယ်။ မျိုးစုံနှိပ်စက်ခံရတယ်။ရွာပြန်ရောက်လာပေမဲ့ ပြန်လာကတည်းက ဒဏ်ရာတွေနဲ့ တရှောင်ရှောင် ဖြစ်နေတာ။မနေ့ကဆုံးတယ်”ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
စစ်တပ်ဝင်ရောက်မီးရှို့ခဲ့သည့် ဇန်နဝါရီ၉ရက်နေ့မှစပြီး ချောင်းနားရွာသား ဦးမြင့်ဆွေမှာ ပျောက် ဆုံးခဲ့ပြီး ယနေ့ထိတိုင် ပြန်မတွေ့သေးပေ။
ချောင်းနားရွာကို စစ်တပ်က မီးရှို့ခဲ့ရာ အိမ်၁၄အိမ် မီးလောင်ပြာကျခဲ့သည်။