ထောင်နှင့်ချီရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အရေးတကြီးတောင်းဆိုကြောင်းကုလလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်သည့်နေ့မှာပင် ပုသိမ်ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတစ်ဦး စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့သည်။
ဇန်နဝါရီ၆ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရန်နှင့် စစ်ကောင်စီအနေဖြင့် အဓမ္မဖမ်းဆီးမှုများကို အဆုံးသတ်ရန် လူ့အခွင့်ရေးကော်မရှင်မင်းကြီးက တောင်းဆိုကြောင်း ကုလလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ၆ရက်နေ့တွင်ပင် ပုသိမ်ထောင်တွင်း ထောင်နှစ်ရှည်ကျခံနေရသူတစ်ဦးမှာ စစ်အုပ်စု လက်ချက်ဖြင့်ကျဆုံးခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ၅ရက်နေ့ညက နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ဖုန်းတစ်လုံးတွေ့ရှိသည်ဟုဆိုကာ နိုင်ငံ ရေးအကျဉ်းသား၃ဦးကို သီးခြားခွဲထုတ်သွားပြီးနောက် ဇန်နဝါရီ၆ရက်နံနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့၃ဦးအား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြောင်း နံနက် ၉နာရီခွဲကျော်၌ အာဏာပိုင်များက အင်အားသုံးဖြိုခွင်းရုံတင်မက သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ဦးဆောင်ကော်မတီ ဝင် ဦးထွန်းကြည်ကပြောသည်။
“အခုကျဆုံးသွားတဲ့လူက ကိုမဲကြီးဆိုသူပါ။သေနတ်နဲ့အပစ်ခံရလို့ကျဆုံးတာလား၊ရိုက်နှက်ခံရလို့ ကျဆုံးတာလားဆိုတာကို ကျွန်တော်တို့ ဆက်လက်အတည်ပြုနေပါတယ်။သေချာတာကတော့ တ ရားမဲ့ပြုကျင့်ခံရတာပါပဲ။သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်”ဟု ဦးထွန်း ကြည်က ပြောသည်။
ဇန်နဝါရီ၆ရက်နေ့၊နံနက် ၉နာရီခွဲကျော်တွင် ထောင်အာဏာပိုင်များနှင့်အတူ ပုသိမ်မြို့မရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များရောက်လာကာ စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲတွေပြီးတော့မှ စစ်တပ်ကပါ ရောက်လာပြီး အကြမ်းဖက်ပစ်ခတ်ခဲ့ကြတာ”ဟု ဦးထွန်းကြည်ကဆို သည်။
စစ်အုပ်စုဝင်တို့၏ အင်အားသုံးဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသား၈ဦး ပုသိမ်ဆေးရုံအသစ်တွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပေါ်နေကြောင်း နိုင်ငံ ရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။
“ဒီနေ့မနက် နောက်ဆုံးအခြေအနေကတော့ မသိရသေးဘူး”ဟူ ဦးထွန်းကြည်က MPA သို့ ပြောသည်။
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည့် ဇန်နဝါရီ၄ရက်နေ့တွင် စစ်ကောင်စီကို ဆန့်ကျင်သူများ အား ဆက်လက်ဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူများသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရကြောင်း ကုလလူ့အခွင့်အရေးကော်မရှင်ကထုတ်ပြန်ထားသည်။
စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးသည့် ဇန်နဝါရီ၄ရက်နေ့တွင် နိုင်ငံရေးအရ ဖမ်းဆီးခံရသူ၂၂ဦး ရှိ ကြောင်း AAPPက ဆိုသည်။
မြန်မာနိုင်ငံအရေး လွတ်မြောက်ရာလမ်းမှာ ပြည်သူကို အကျဉ်းချထားရန်မဟုတ်ဘဲပြည်သူကို နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ်ပါဝင်ခွင့်ပေးရေး ဖြစ်ကြောင်း ကုလလူ့အခွင့်အရေးကော်မရှင်၏ ကြေညာချက်၌ဖော်ပြထားသည်။