ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ဘေးရှောင်းစခန်းအားလုံးကို ပိတ်သိမ်းမည်ဖြစ်ပြီ းစစ်ဘေးရှောင်များအားလုံးနေရပ်ပြန်ရမည်ဟု စစ်ကောင်စီကဖိအားပေးနေကြောင့် စစ်ဘေးရှောင်များက အတည်ပြုပြောကြသည်။
အဆိုပါ စစ်တွေမြို့ရှိ စစ်ရှောင်စခန်း၂၅ ခုကို ပိတ်သိမ်းမည်ဖြစ်ပြီး စစ်ဘေးရှောင်များအားလုံး နေရပ်ပြန်ရမည်ဟုစခန်းတာဝန်ခံများကို ဒီဇင်ဘာလ၂၉ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီက ခေါ်ယူဖိအားပေးခဲ့ခြင်းဖြစ်ကြောင့် ဆိုကြသည်။
ထိုအပြင် ထိုကဲ့သို့ နေရပ်ပြန်ခိုင်းခြင်းကို သိရှိသဘောတူကြောင့်လည်း ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့ကြောင်းလည်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက အတည်ပြုပြောကြသည်။
” သူတို့ပြောတာက မပြန်လို့မရဘူး။ပြန်ကိုပြန်ရမယ့်သဘောပါ။မပြန်ရင်လည်း ဆက်နေလို့မရတော့ဘူး။စခန်းတွေကို အပြီးတိုင် ဖျက်သိမ်းတော့မယ်လို့ပြောပါတယ်။” ဟု စစ်တွေမြို့ရှိ စစ်ဘေးရှော င်စခန်းတာဝန်ခံတစ်ဦးက MPA သို့ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်းစီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက်ယာယီအပစ်ရပ်လိုက်ကြသည်။
ထို့ကြောင့်ရခိုင်တွင်ဒေသတည်ငြိမ်အေးချမ်းနေပြီဖြစ်သဖြင့် ရခိုင်ရှိစစ်ဘေးရှောင်စခန်းများကို ပိတ်သိမ်းသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းက ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သောအစည်းအဝေးတွင် ပြောထားသည်။
ရခိုင်တွင်အပစ်ရပ်ပြီးထားသော်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးခွင့်ကို ကန့်သတ်ပိတ်ဆို့ထားသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်ဟု ဆိုကြသည်။
” ခုတောင် စားစရာမရှိတော့ပါဘူး။ကြာလာရင်ငတ်ပြီးသေနိုင်ပါတယ်။အဲဒါမှာအတင်းနေရပ်ပြန်ခိုင်းနေပါတယ်။ နေစရာအိမ်ရော့ရွာပါမရှိတော့ပါဘူး။ဘယ်လိုလုပ်ပြီးနေရပ်ပြန်ရမလဲ။” ဟု စစ်တွေမြို့ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင်ပြီးခဲ့သည့်တကျော့ပြန်တိုက် ပွဲအတွင်း စစ်ဘေးရှောင်ဦးရေသောင်းနှင့်ချီပြီးတိုးလာခဲ့သည့်အပြင်ယခင်က တည်းကလည်း စစ်ဘေးရှောင်ဦးရေသိန်းနှင့်ချီပြီး ရှိနေသေးသည်။
ထိုအပြင်စစ်ဘေးရှောင်နေရသူများ၏မူလကျေးရွာများတွင်း မြေမြုပ်မိုင်းနှင့်စစ်ကျန်လက်နက်များ၏အန္တရာယ်များ ၊စစ်ကောင်စီတပ်စခန်းများလည်းရှိနေသည့်အတွက် နေရပ်ပြန်ရန်မဖြစ်နိုင်သေးဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ရခိုင်ရှိစစ်ဘေးရှောင်များကို တကျော့ပြန်တိုက်ပွဲကာလကလည်း နေရပ်ပြန်ရန်စစ်ကောင်စီက ဖိအားပေးမှုများရှိ ခဲ့သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ထိုအပြင်စစ်ကောင်စီက အတင်းအဓမ္မ နေရပ်ပြန်ပို့ခံလိုက်ရသည့်စစ်ဘေးရှောင်များလည်း စားဝတ်နေရေးအခက်အ ခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ဆိုကြသည်။