နောင်ချိုတိုက်ပွဲများအတွင်း လက်နက်မျိုးစုံ ၃၈၀ကျော် သိမ်းဆည်းရမိ
By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ထဲတွင် TNLAပူးပေါင်းတပ်က နေရာယူထားပြီး ၆၀၆အမြောက် တပ်ကို ဆက်တိုက်နေကြောင်း သိရသည်။
ယနေ့ (ဇွန်လ၂၈ရက်) တွင် နောင်ချိုမြို့တွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းပစ်နေသော်လည်း ဒေသခံအများစုမှာမြို့တွင်းမှ တိမ်းရှောင်နေကြပြီဖြစ်၍ ထိခိုက်မှုရှိသည်ဟု မကြားရသေးကြောင်း TNLAနှင့်နီးစပ်သော မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“လက်ရှိ ၆၀၆ တပ်ဘက် ဆက်လက်တိုက်ခိုက်နေတယ်ပေါ့။ မြို့အထဲမှာ TNLA ရဲ့လက်အောက် ခံရဲနှင့် ပူးပေါင်းတပ်တွေက နေရာယူထားတယ်။ တစ်ခုလုံးကိုတော့ မထိန်းချုပ်နိုင်သေးဘူး။ စကစ ဘက်ကလည်း လက်နက်ကြီး ရမ်းပစ်လာတယ်” ဟု ၎င်းက MPAသို့ပြောသည်။
နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်၏ ၁၁၅တပ်စခန်းကို TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၃၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန် ထာသည်။
ဇွန်လ ၂၇ရက်တွင် TNLAသိမ်းပိုက်ခဲ့သော နောင်ချိုမြို့မရဲစခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
ဇွန်လ ၂၆ ရက်တွင်လည်း နောင်ချိုမြို့၊ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၅၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည့်အပြင် လက်နက်ချအလင်းဝင်သည့် စစ်သား ၁၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ကျော်ပါ သိမ်းဆည်းရမိထားကြောင်း TNLA ကဆိုသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-191614_002-1024x574.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-191614_003-1024x576.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-191614_004-1024x576.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-191614_005-1024x574.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-191614_006-1024x574.jpeg)