မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက်ခလ ရ ၅၀ တပ်သည် ဧပြီလ ၇ရက်၊ယနေ့နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကောင် စီတပ်ဖွဲ့ဝင်အင်းအား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံပြည်သူ ၇၀၀၀ ကျော်ထွက်ပြေးနေကြရကြောင့် ဒေသခံများက ဆိုကြသည်။
ထိုစစ်ကြောင်းသည် ယနေ့နံနက်တွင် ဂန့်ဂေါမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာရှိပိုဦးရွာသို့ဝင်ရောက်လာသဖြင့်အိမ်ခြေ ၄၀၀ ကျော်၊လူဦးရေ ၂၀၀၀ ခန့်လည်းထွက်ပြေးနေကြရကြောင့် ဆိုကြသည်။
” စစ်ကြောင်းက ပိုဦးရွာကနေထွက်ပြီ။အခုက လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပြီး လာပို့ရွာနားကို စရောက်နေပြီ။” ဟု ဒေ သခံတစ်ဦးမှ ယနေ့ ၁၂ နာရီကျော်အ ချိန်ခန့်က MPA သို့ပြောသည်။
ထိုခလရ ၅၀ တပ်မှစစ်ကြောင်းသည် ပိုဦးရွာ ဘုန်းကြီးကျောင်းနှင့်ဘုန်းကြီး ကျောင်းပတ်ဝန်းကျင်ရှိ အိမ်များတွင် ဧပြီလ ၆ ရက်၊မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တက်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့သေးသည်ဟု ရွာသားများက ဆိုကြသည်။
ထို့နောက်ဧပြီလ ၇ ရက်၊ယနေ့နက်နက် ၈နာရီဝန်းကျင်တွင် ပိုဦးရွာမြောက်ဘ က်ရှိ လယ်ကွင်းများကိုဖြတ်ကာ နောက်တစ်နေရာသို့ စစ်ကြောင်းထပ်ထိုးနေသဖြင့် ဒေသခံများထပ်မံထွက်ပြေးနေကြရကြောင့်လည်း ဆိုကြသည်။
” ဒီနေ့နံနက် ၉ နာရီ ၂၀မိနစ် ဝန်းကျင်က လာပို့ရွာအတွင်းသို့ဝင်ပြီးတပ်ဖြန့်ထားပါတယ်။” လို့ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထိုစစ်ကြောင်း၏ လက်နက်ကြီးပစ်ခ တ်မှုကြောင့် လာပို့ရွာရှိ နေအိမ်နှစ်လုံးမီလောင်းပြီး လာပို့၊ပိုဦး၊ရွာစည်၊မြင်းဇာစသည့်ကျေးရွာများက ဒေသခံပြည်သူခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင့် ဆိုကြသည်။