တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှ PDFများထံ စစ်ကြောင်းနှစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ အလောင်းငါးလောင်းထမ်းကာ ယမန်နေ့ကတပ်ဆုတ်သွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၏ တပ်ခွဲမှုးကပြောသည်။
အဆိုပါတိုက်ပွဲသည် တစ်ရက်တာကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးအမြောက်အများပစ်ခတ်ပြီး တိုက်လေယာဉ်ဖြင့်ကင်းထောက်ကာ အင်အားအပြည့်ဖြင့် ပုလောမြို့နယ်ရှိ နန်းတောင်ရွာနှင့် မန်ကျည်းကုန်းရွာတို့တွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်(Palaw People Defense Force(PPDF))၊ မဟာမိတ်တပ်ပေါင်းစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၏ တပ်ခွဲမှုးကပြောသည်။
“တိုက်ပွဲက မနေ့က ၇နာရီမှာ ဖြစ်တာ။အကြမ်းဖက် မုဒိန်းတပ်နဲ့ နောက်လိုက်ပျူတွေပေါင်းပြီး ကျွန်တော်တို့ကို ကြုံးတာ။ ဒီကောင်တွေ မှော်မိမှာ အတုံးအရုံးထိတယ် ” ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၏ တပ်ခွဲမှုးက ရှင်းပြသည်။
ယင်းတိုက်ပွဲအတွင်း ပုလောအခြေစိုက် ၂၈၅တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ မြိတ်မှလာရောက်သည့် တပ်ကူများအပြင် ပုလောမြို့နယ်၊ပုလောကုန်းကျေးရွာရှိ ပျူစောထီးများပါ ပူးပေါင်းပြီး ပုလောမြို့နယ်ရှိ မကျည်းကုန်းရွာ၊ နန်းတောင်ရွာ၊မှော်မိရွာနှင့် ပုလောကုန်းကျေးရွာတို့တွင် ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားကာ ယမန်နေ့ ၇နာရီခန့်တွင် တပ်ဆုတ်သွားကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ရဲဘော်တစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး (ခ) ပြည်သူစစ်အဖွဲ့ဝင် ထက်မြတ်အောင်(ခ)စုကမ်း လည်ပင်းကျည်ထိမှန်သေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၄ဦး သေဆုံးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) အဖွဲ့ဝင်တစ်ဦးကပြောသည်။
“မနေ့က ပျူတစ်ကောင်သေတယ်။ အဲ့ကောင်က ရှပ်ပုံရွာက ။ လည်ပင်းပွင့်သွားတယ်။ နောက်ထပ်စစ်ခွေး ၄ကောင်သေသေးတယ်။ဒီကောင်တွေ အင်အားများပေမယ့် ကျွန်တော်တို့ ခံစစ်ကိုကြည့်ပြီး ရှေ့မတိုးရဲတော့ဘူး။အလောင်းထမ်းပြီး ပြန်သွားရှာတယ်။တပ်ထဲတော့ မနက်စာမုန့်ဟင်းခါးဆွဲရပြန်ပြီ ” ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှ MPAသို့နောက်ဆုံးအတည်ပြုပြောကြားချက်အရ ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီ ကားတန်းနှင့် မှော်မိတောင်တန်း အပေါ်ထောင်ထားသောမိုင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ရေဒါဖျောက်စနစ်သုံးကာ ဖြတ်တောက်ခဲ့မှုများကြောင့် မဖောက်ခွဲနိုင်ခဲ့ကြောင်း သိရသည်။