ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးရိုဟင်ဂျာဒုက္ခသည်စ ခန်းကို အပြီးပိတ်ဖို့ စစ်ကောင်စီဖိအားပေးနေကြောင့် ရိုဟင်ဂျာများက အတ ည်ပြုပြောကြသည်။
အဆိုပါစခန်းကို မေလ ၁၅ နေ့မတိုင်ခင်အတွင်း နေရာသစ်သို့ မိမိအစီအစ ဉ်ဖြင့်အပြီးပြောင်းရွှေ့ရန် စစ်ကောင်စီက အမိန့်ထုတ်ညွှန်ကြားလာခဲ့ခြင်းဖြစ် သည်ဟု ဆိုကြသည်။
“မူဆလင်ဥပုဿ်ထွက် အီးဒ်ပွဲအချိန်အတွင်းမှာ အခုလို ခေါ်ပြောတာဆိုတော့ စခန်းတစ်ခုလုံး တိတ်ဆိတ်ပြီး ဝမ်းနည်းနေကြတာပေါ့။အဲဒီနေရာမှာလည်းသောက်သုံးရေကော၊လျှပ်စစ်မီးကော မရသေးဘူး။လမ်းတွေလည်းမပြီးသေးဘူး။”ဟု ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက MPA သို့ပြောသည်။
ထိုစခန်းတာဝန်ခံလူကြီး ၅ ဦးကို ဧပြီ လ ၂၁ ရက်နေ့ကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူပြီးဖြစ်မနေ ပြောင်းရွှေ့ရမည်၊စစ်တပ်က အမိန့်ဖြင့်ပြောင်းခိုင်းခြင်းဖြစ်သဖြင့် မလိုက်နာပါက အရေး ယူခံရမည်ဟုခြိမ်းခြောက်ဖိအားပေးပြောဆိုကြောင့်လည်း ရိုဟင်ဂျာများကဆိုကြသည်။
ထိုအသစ်ပြောင်းရွှေရမည့်နေရာသည် လက်ရှိစခန်းမှနှစ်ဖာလုံခန့်ဝေးကွာပြီး၊ ၁၂ ပေ၊၂၂ ပေ၊သွပ်မိုး၊ဝါးထရံကာ၊ပျ ဉ်ခင်းလုံးခြင်းအိမ်များဆောက်လုပ်ထားသော်လည်း သစ်ရိုင်းသစ်ပွသားများဖြင့် ဆောက်လုပ်ထားသဖြင့်ရေ ရှည်နေထိုင်ရန်အဆင်ပြေမည်မဟုတ်ဟု ဆိုကြသည်။
” ဝါးထရံကာကလည်း အတွင်းကိုဖော က်မြင်ရအောင် ပါးပါးလွှာလွှာကြဲကြဲ ကာပေးထားတာပါ။အမိုးကိုလည်းတံ စက်မြိတ်အစွန်ကိုသုံးလက်မလောက်ပဲ ချန်ပေးထားတော့ မိုးလုံမှာလည်းမဟု တ်ပါဘူး။ရေကန်တွေကလည်းအိမ်တွေနဲ့ တော်တော်ဝေးဝေးမှာ။” ဟု နော က်ထပ်ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက
MPA သို့ပြောသည်။
ထိုကျောက်တစ်လုံးရိုဟင်ဂျာဒုက္ခသည်စခန်းသည် ၂၀၁၂ ပဋိပက္ခကြောင့် ကျောက်ဖြူမြို့တွင်းမှ ရိုဟင်ဂျာများမိသားစု ၃၈၀ ၊လူဦးရေ ၁၁၀၀ ခန့်ကိုအတင်းနေရာချထားပေးခဲ့ခြင်းဖြစ် သည်။
စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်နှစ်နှစ်ကျော်ကြာတွင် ယခုကဲ့သို့ဖိအားပေးခြိမ်းခြောက်အပြီးပိတ်သိမ်းနေရာချထားပေးနေခြင်းဖြစ်သည်။