ကယားပြည်နယ်၊ (ကရင်နီ) လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ နေ့တိုင်းနီးပါး ပြည်သူများအားဖမ်းဆီးပြီး ငွေကြေးများဖြင့် ပြန်လည်ရွေးခိုင်းနေသည်ဟု ဒေသခံများကဆိုသည်။
လွိုင်ကော်မြို့ ဒေါနိကူးတံတား၊ ဓမ္မရုံထောင့်လမ်းဆုံ၌ ယနေ့ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများသည် ကားငါးစီးဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
“ဖမ်းဆီးနေတာကတော့နေ့တိုင်းပါပဲ။ သူတို့ထိန်းချုပ်နိုင်တာမြို့ထဲပဲလေ။ အဲမှာပဲ သူတို့လှည့်ပတ်နေတာ။ ဖမ်းဆီးခံရတာလည်းနေ့တိုင်းနီးပါးရှိတယ် ’’ ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ဖမ်းဆီးခံရသော ပြည်သူများအား စစ်ကောင်စီများက ငွေကြေးများဖြင့် ပြန်လည်ရွေးချယ်ခိုင်းခြင်းများလည်း ပြုလုပ်နေကြောင်းလည်း သိရသည်။
“သူတို့က ဓားပြတိုက်တယ်လို့ ပြောလို့ရတာပေါ့၊ ပေါ်တင်ကြီးဖမ်းသွားတာ။ ယောကျာ်းလေးတွေဆို မဆီမဆိုင်ဖမ်းတယ်။ မိန်းကလေးရောပဲ။ ဖမ်းပြီးတာနဲ့ ငွေနဲ့လာလဲခိုင်းတယ်။ တစ်ယောက်ကို၅သိန်းတောင်။ သူတို့ဖမ်းတဲ့သူအပေါ်မူတည်ပြီး ငွေတိုးတောင်းတာတွေရှိတယ် ’’ ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ကရင်နီပြည် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် ၅လပိုင်းမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲများကြောင့် ပြည်သူများစွာ ယခုတိုင် စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသည်။
#MPA#Karenni#Loikaw#Myanmar,