ဥရောပ ပါလီမန်ကအောက်တိုဘာ ၇ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး CRPH ၊ NUG ကို ထောက်ခံအားပေးရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်က ဆိုရှယ်စာမျက်နှာတွင်ရေးသားထားသည်။
ဥရောပ ပါလီမန်က တရားဝင် အရပ်သား အစိုးရ NUG နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အားပေးထောက်ခံရန် ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင် ၆၈၀ ရှိသည့်အနက် ထောက်ခံမဲ ၆၄၇ ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲတို့ဖြင့် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။
မတရားဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ ဖမ်းဆီး ထိမ်းသိမ်းခံထားရသော နိုင်ငံရေး ခေါင်းဆောင်များနှင့် အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်၊ တရားဝင် အစိုးရတာဝန်ရှိသူများထံ အာဏာပြန်လွှဲပေးပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရေးကို ဦးတည်ရန် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ရက်နေ့ကလည်း ပြင်သစ် အထက်လွှတ်တော်က NUG အသိအမှတ်ပြုရေး အဆိုကို ကန့်ကွက်မဲမရှိ ထောက်ခံ အတည်ပြုလိုက်သည်။
[ English Version ]
The European Parliament Decides to Support CRPH and NUG
By MPA
Regarding Myanmar, the European Parliament on October 7 has decided to support the CRPH and NUG, the Representative of the National Unity Government (NUG) to The Czech Republic, U Lin Thant, wrote on his social media.
The European Parliament reached a decision to support the civilian government NUG and the Committee Representing Pyidaungsu Hluttaw (CRPH) with 647 votes in favor, 2 votes against and 31 neutral votes out of 680 voters.
They have also called for the unconditional and immediate release of the unjustly arrested President U Win Myint, State Counsellor Daw Aung San Su Kyi and all arrested and detained political leaders and prisoners and also for a peaceful solution to the problem by handing the power back to the legitimate governmental officials.
On last October 5 also, the French Senate with no objection approved of a proposal to recognize the NUG.