By Kaung Mrat Naing / MPA
သြဂုတ်လနောက်ဆုံးအပတ်ကတည်းက မိုးတိမ်ပါးပါးနေ့တစ်နေ့၏ မနက်ခင်းသည်စစ်တွေမြို့ပေါ်တွင် သာယာလန်းဆန်းနေသည်။
ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနော က်ဘက်ရှိ မွတ်ဆလင်အိုင်ဒီပီမျာနေထိုင်ရာ ဒါးပိုင်ကယ်ဆယ်ရေးစခန်းထဲတွင် ကလေးငယ်များ ပြေးလွှားဆော့ကစားနေကြသည်။
သံပုရာခွံဦးထုပ်ဆောင်းထားသည့် အရပ် ရှည်ရှည်နှင့် လိုက်လျောညီထွေစွာမု တ်ဆိတ်မွေးခပ်ရှည်ရှည်ရှိသူအသက် ၅၅ နှစ်အရွယ်အိုင်ဒီပီတစ်ဦးကတော့ စကားကို ဟန်ပါပါ၊ယုံကြည်မှုအပြည့်နှင့် ဆို၏။
” ကျောက်ဖြူပုံစံမျိုး၊ဒီမှာ စားလို့ရမှာမဟုတ်ပါဘူး။ကျွန်တော်တို့ကျောက်ဖြူမှာက ရခိုင်ပဲဖြစ်ဖြစ်၊ကုလားပဲဖြစ်ဖြစ် ညီအစ်ကိုပုံစံမျိုး ကျွန်တော်တို့နေတယ် ။ပြဿနာမရှိပါဘူး။တစ်ခုမှပြဿနာ မရှိပါဘူး။” လို့ အပြုံးများနှင့် ပြောလာသူသည် မွတ်ဆလင်အိုင်ဒီပီကြီး ဦးလှမောင်( ခေါ် ) နူရ် ဆလောမ်ပဲဖြစ်သည်။
သူသည် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကျောက်ဖြူမြို့၊ပိုက်သည်ရပ်ကွက်မှ စစ်တွေမြို့သို့ မိသားစုနှင့် အတူထွက် ပြေးခိုလှုံလာခဲ့သူပင်။
ယခုစခန်းထဲတွင် သူအပါအဝင် မိသားစုဝင်ခုနစ်ဦးနှင့်အတူ အရာရာဆင်းရဲပင်ပန်းခက်ခဲစွာ အကန့်အသတ်များဖြင့်နေထိုင်နေကြရသည် ဟု သူက ရှင်းပြသည်။
အဆိုပါ ဒါးပိုင်ကယ်ဆယ်ရေးစခန်းတွင် မွတ်ဆလင်အိမ်ထောင်စု ၁၄၄၈ စု၊လူဦးရေ ၄၀၀၀ ကျော်ခိုလှုံနေကြသည်မှာ ဆယ်နှစ်ရှိနေပြီဖြစ်သည်။
” ကလေးတွေကို မုန့်တွေ၊အာဟာရတွေကျွေးဖို့ထက် ထမင်းပုံမှန်စားနိုင်အောင်ကြိုးစားနေကြရတာပါ။အကူအညီတွေအများကြီး လိုအပ်နေပါတယ်။” ဟုက လေး ငါးဦးရှိသည့် အိုင်ဒီပီအမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်း လူ ပေါင်း ၁၉၂ ဦးသေဆုံးပြီး ၂၆၅ ဦးဒဏ်ရာရခဲ့ကာ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။ ခန့်မှန်းခြေ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရကြောင်း ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ် ဆေးရေးကော်မရှင်၏ ၂၀၁၃ ခုနှစ်၊ ဧပြီ လ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာမှာဖော်ပြထားသည်။
စစ်အာဏာရှင်များ ဦးဆောင်ကျင်းပပေးခဲ့သော ၂၀၁၀ အထွေထွေရွေးကော က်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မွတ်လဆင်လူမျိုးများကို ရွေးချယ်ခံအမတ်အဖြစ်လက်ခံခဲ့သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့်အတူပါလာခဲ့သော ပဋိပက္ခဒဏ်ကို များစွာခံစားခဲ့ရသူတွေထဲတွင် မွတ်ဆလင်တွေ ရှေ့ဆုံးက ပါဝင်ခဲ့သည်။
ရခိုင်ပြည်နယ်၊ရမ်းဗြဲမှ စတင်ခဲ့သည့်ပဋိပက္ခသည် ရခိုင်တစ်ပြည်လုံးသာမက မြန် မာနိုင်ငံမှ နေရာအချို့၊မြို့ကြီးအချို့သို့ပါ ကူးစပ်ပျံ့နှံ့သွားခဲ့သည်။
အဆိုပါပဋိပက္ခဒဏ်ကြောင့် အစ္စလာမ်ဘာ သာဝင် မွတ်လဆင်များသာမက ကမန်လူမျိုးများ၊ဗုဒ္ဓသာသာဝင် ရခိုင်တွေနှင့်အတူ မြန်မာနိုင်ငံမှ သိန်းနှင့်ချီသော ပြည် သူလူထုသည် အိုးအိမ်စွန့်ခွါရပြီး သေကျေပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ထိုပဋိပက္ခကြောင့်ပင် မွတ်ဆလင်လူဦးရေ တစ်သိန်းလေးသောင်းကျော်သည်ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံ နေကြရပြီး ၎င်းတို့အတွက် လိုအပ်သော စားနပ်ရိက္ခာများကို နိုင်ငံတကာလူသား ချင်းစာနာမှုအဖွဲ့များ( UN၊ INGOs ) များကသာ အဓိကကူညီထောက်ပံ့ပေးနေခြင်းဖြစ်သည်။
အရှိန်ရခါစ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စစ်အာဏာသိမ်းမှုက ရပ်တန့်သွားစေပြီးနောက် မြန်မာပြည်သူ လူထု၏ အကြမ်းမဖက်နွေဦးတော်လှန် ရေးသည် ကမ္ဘာအနှံ့သို့ ရိုက်ခတ်သွားစေခဲ့ပြန်သည်။
” ကလေးတွေ မုန့်စားရမှာမပြောပါနဲ့။ထမင်းကို ပုံမှန်စားရဖို့တောင် မလွယ်ပါဘူး။ဘာအလုပ်မှမရှိသလို ဘာအကူ အညီမှမလာတော့ ပိုဆိုးတာပေါ့။” ဟု ဦးလှမောင်က ဆိုသည်။
ယခုလို မြန်မာ့ဒီမိုကရေစီရပ်တန့်သွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ကန့် သတ်ချက်များကြောင့် မွတ်လဆင်အိုင်ဒီပီများသည် သုံးလခန့်ကူညီထောက်ပံ့မှုမရရှိကြဘဲ စားဝတ်နေရေးအခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း အိုင်ဒီပီများက ဆိုသည်။
“ ရိုဟင်ဂျာအမျိုးသမီး၊လူငယ်နဲ့ကလေး သူငယ်တွေအတွက်သာမကဘဲ မြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံအ တွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် အစွမ်းကုန်တိုက်ခိုက်ကာကွယ်ပေးမ ယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊လူငယ်နဲ့ကလေး သူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမအိသဉ္ဇာမောင်က သြဂုတ်လ ၂၅ရက်နေ့က ဆိုသည်။
” အသက်မွေးဝမ်းကြောင်း သင်တန်းများဖွင့်လှစ်ပေးခြင်း၊ဝင်ငွေရရှိနိုင်သည့်လုပ်ငန်းများ IDP စခန်းအတွင်း ဖန် တီးပေးခြင်းနှင့် IDP စခန်းပြင်ပတွင် အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင် ရွက်ပေးခြင်းဖြင့် အမျိုးသားနှင့်အမျိုး သမီး IDPများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်အောင် ဆောင်ရွ က်ပေးရမည်။ထိုသို့ဆောင်ရွက်ပေးမှုကြောင့် IDPများအနေဖြင့် နိုင်ငံတကာအကူအညီအပေါ်မှီခိုရမှုများလျော့န ည်းလာမည်ဖြစ်သည်။” ဟု ရခိုင်ပြည် နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အ ပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်မဖွဲ့ခင် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နောက်ခံပြု အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)သည် ဇွန်လ ၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လာခဲ့သည်။
” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင် ရာ မူဝါဒသဘောထား” ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက” ခါးသီးတဲ့ တချို့ဖြစ်ရပ်တွေဟာ အမှတ်ရရုံနဲ့ မလုံလောက်ပါဘူး။အမှန် တရားကို ဖော်ထုတ်ဖို့နဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။” ဟု ဆိုသည်။
” လူ့အခွင့်အရေးနှင့် လူသားတို့၏ ဂုဏ် သိက္ခာကို လေးစားလိုက်နာပြီး ဖက်ဒ ရယ်ဒီမိုကရေစီပဋိညာဉ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည့်အတိုင်း ပြည်ထော င်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ၊အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန် နိုင်ငံသူ၊နိုင်ငံသားများ အားလုံး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်သော သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရန်ရည်ရွယ်” ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“ အမျိုးသားညီညွတ်ရေးအစိုးရသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်များအတွင်း အကြမ်းဖက်စစ် တပ်၏ ရိုဟင်ဂျာပြည်သူများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်း၊လူ့အ ခွင့်အရေးများကို ရက်ရက်စက်စက် ချိုးဖောက်မှုများကြောင့် လူဦးရေသောင်းပေါင်းများစွာ နေရပ်မှစွန့်ခွာ ထွက်ပြေးရခြင်း၏ ဘေးဒုက္ခများကို ကောင်းစွာသိရှိပြီး အထူးစိတ်မကောင်း ဖြစ်ရပါ သည်။” ဟုလည်း ဖာ်ပြထားသည်။
“ ရိုဟင်ဂျာများအပါအဝင် တိုင်းရင်သားဒေသများစွာမှာ ရက်စက်စွာ အကြမ်း ဖက်နှိပ်ကွက်မှုတွေ ရှိနေတာကို ကျွန်တော့်အနေနဲ့ ဖော်ပြလိုပါတယ်။ ဒီလို ရက်စက်စွာ အကြမ်းဖက်နှိပ်ကွပ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အမည်းစက်ဖြစ်ပါတယ်။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင် ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သြဂုတ်လ ၂၅ ရက်နေ့က ဆိုသည်။
“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြစ်ပွါးခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အလွန်တရာ အရှက်ရမိကြောင်း ပြောကြားလိုပြီး ကိုယ်တိုင်ကိုယ်ကျလည်း တောင်းပန်စကား ပြောကြားလိုပါတ ယ်။” ဟု ဝန်ကြီးက တောင်းပန်စကား ဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း
(၈)၊နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊အပိုဒ် ၃၄၇တွင် ” နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထိုအပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ဆို င်ခွင့်ပေးရမည်။” ဟု အတိအလင်းဖော် ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း NUGက၂၀၀၈ ဖွဲ့စည်းပုံပျက်သွား ကြောင်း အတည်ပြု ကြေညာထား ကာ စစ်ကောင်စီကမူ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်တာဝန်ကို ယာယီထိန်းသိမ်းထားကြောင်း ရခိုင်ရှိမွတ်လဆင်များကို နိုင်ငံသားဖြစ်/မဖြစ် တရားဝင်ဖြေရှင်း မပြုသေးပေ။
ရခိုင်ကို ” ဝ” ထက်မနိမ့်သော ‘ကွန်ဖန်ဒရိတ်” ကဲ့သို့ ဖြစ်စေလိုပြီး ” Socialdemo cracy” စနစ်ကျင့်သုံးမည်ဖြစ်ကြောင်း အတိအလ င်းပြောထားသော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)သည် ရခိုင်တွင် ၇၅ ရာခိုင်နှုန်းအထိ လွှမ်းမိုးချုပ်ကိုင်းထားပြီးဖြစ်ကြောင်း ဆိုသည်။
ရခိုင်တွင် တရားစီရင်ရေး၊အုပ်ချုပ်ရေးများကို တွင်တွင်ကျယ်ကျယ်လုပ်ဆော င်နေသော ULA က ရခိုင်တွင် လူဦးရေဒုတိ ယအများဆုံး မွတ်လဆင်များကို အုပ် ချုပ်ရေး၊တရားစီရင်ရေးများအပြင် ရဲတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သော ရက္ခိုင့် တပ်တော်(အေအေ)ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်က” ကျွန်တော်တို့က လူမျိုး၊ဘာသာမခွဲခြားဘဲ ရခိုင်ပြည်မှာ နေထိုင်ကြသူအားလုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးဖို့ ရည်ရွယ်ပါတယ်။” ဟု ဆိုသည်။
” ရခိုင်ပြည်နယ်အစိုးရနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သည် ပြည် နယ်တွင်းရှိ လူမျိုးစုငယ်များနှင့်ဘာသာရေးဆိုင်ရာ အုပ်စုငယ်များ၏ အဖွဲ့ဝင်များအား အစိုးရဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခွင့်များ ပိုမိုရရှိရန်ဆောင်ရွက်ပေးသင့်သည်။
ထိုအုပ်စုမှ အမျိုးသမီးများဝန်ထမ်းအ ဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရန် အထူးကြိုးစားဆောင်ရွက်ပေးသင့်သည်။
ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူမျာ းသည် အမျိုးသမီးများနှင့် လူနည်းစုများအပါအဝင် ပြည်နယ်တွင်းရှိ နေ ထိုင်သူများအားလုံးကို က်ုယ်စားပြုမှုရှိအောင် ဆောင်ရွက်သွားသင့်ကြောင်းကော်မရှိမှ ထပ်မံအကြံပြုတိုက်တွန်းလိုပါသည်။” ဟု ရခိုင်ကော်မရှင်က အကြံပြုထားသည်။
ရခိုင်ပြည်နယ်၊ရမ်ဗြဲမြို့ပေါ်ရှိ ကမန်လူမျိုးပိုင် မြေနေရာပေါ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအားရပ်တန့်ပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ရဲ့ တရားစီရင်းရေးဌာနသို့ တိုင် တန်းထားသည်ကိုလည်း တွေ့ရသည်။
အိမ်ပြန်ချိန်မျှော်လင့်ချက်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မ ရှင်၏ လေ့လာတွေ့ရှိချက် အပြီးသတ်အစီရင်ခံစာအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ရခိုင်မှ အိုင်ဒီပီစခန်းများပိတ်သိမ်းရေး မဟာဗျူဟာတစ်ခုကို ရေးဆွဲအ ကောင်အထည်ဖော်ခဲ့သည်။
အဲဒီပြန်လည်နေရာချထားရေးအစီစဉ်ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပြီး ကျောက်တော်နှင့် မြေ ပုံမြို့နယ်က အိုင်ဒီပီစခန်းအချို့ ပိတ်သိမ်းနေရာချပေးနိုင်ခဲ့သည်။
” ကျောက်ဖြူမှာက ရခိုင်နဲ့ကုလားနဲ့ပြ ဿနာမရှိပါဘူး။အေးအေးဆေးဆေးညီအစ်ကိုလို ပုံစံမျိုးပါ။” ဟု ဦးလှမော င်က သူကြုံတွေခံစားဖြတ်သန်းလာခဲ့မှုခံစားချက်အမှန်ကို ပြုံးကာ ဆိုသည်။
ထို့နောက် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် ကျာက်ဖြူမြို့ရှိ ကျောက်တစ်လုံးအိုင်ဒီပီစခန်းပိတ်သိမ်းရေးအ တွက် ဆောင်ရွက်နေဆဲတွင် ရပ်တန့်သွားခဲ့ရသည်။
” IDP များအား ၎င်းတို့ မူလနေထိုင်သည့်နေရာ(သို့မဟုတ်)အခြားနေရာသစ်သို့ ပြန်လည်ပြောင်းရွှေ့ပေးရာတွင် ၎င်းတို့၏ သဘောဆန္ဒအရသာ ဆောင် ရွက်ပေးရမည်။လုံခြုံမှုရှိရမည်။ ထို့ပြင်ဂုဏ်သိက္ခာနှင့်အညီပြောင်းရွှေ့နိုင်ရမည်။”
” IDP များအား ၎င်းတို့ မူလနေထိုင်ရာဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန်ဦးစားပေးဆောင်ရွက်ပေးရမည်။ထိုသို့မလုပ်ဆောင်နိုင်ပါက IDP များ ပြောင်း ရွှေ့လိုသည့် နေရာသစ်သို့ ပြောင်းရွှေ့နိုင်ရန် ဆောင်ရွက်ပေးရမည်။” ဟု ရခို င်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာတွင် အကြံပြုထားသည်။
စစ်အာဏာသိမ်းမှုကြောင့် အိုင်ဒီပီများ နေရပ်ပြန်ရေးရပ်တန့်သွားခဲ့ရသော်လည်းစစ်တွေရှိ အိုင်ဒီပီစခန်းတွင် ဆယ်စုနှစ်တစ်ခုကြာနေပြီးဖြစ်သော ဦးလှမောင်က သူ့ဇာတိမြေကျောက်ဖြူသို့သူ မ သေမီပြန်ရမယ့်လို့ မျှော်လင့်နေဆဲပင်။
” ကျောက်ဖြူကို အရမ်းပြန်ချင်တာပေါ့ ။ကျောက်ဖြူသို့သာပြန်ရမယ်ဆိုရင် သိပ်ဝမ်းသာတာပေါ့။ကျောက်ဖြူမှာဆိုမြေတစ်ကွက်ရရင် အဆင်ပြေပါပြီ။” ဟု ဦးလှမောင်(ခေါ်)နူရ်ဆလောမ်က သူ့မျှော်လင့်ချက်များကို အားပါးတရဆိုသည်။
နေသာနေသော သြဂုတ်လ၏ မိုးတိမ်များသည် သဘာဝပန်းချီကားတစ်ချက်ကဲ့သို့ လှ ပသာယာတင့်တယ်နေချိန် ဒါးပိုင်အိုင်ဒီပီစခန်းထဲတွင် ပြေးလွှားဆော့ကစားနေ ကြသော ကလေးငယ်များ၏ ရယ်သံများသည်လည်း ဆည်းလည်းသံများကဲ့သို့ ဝန်းကျင်တစ်ခုလုံးသာယာလွင့်မျောနေလေတော့သည်။