စစ်အာဏာရှင်များသက်တမ်းတစ်လျှောက် ရာဇဝင်တွင်လောက်သော အရှုံးများဖြင့် တိုက်တိုင်းရှုံး တပ်၊အလံဖြူထောင် လက်နက်ချခြင်းများနှင့် အိန္ဒိယနိုင်ငံရောက်သည်အထိ ဖနောင့်နှင့်တင်ပါး တစ်သား တည်းကျ အပြေးကောင်းလှသည့် မင်းအောင်လှိုင်ခါးပိုက်ဆောင်တပ်အဖြစ် မော်ကွန်းတင်နိုင်ခဲ့ပြီဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးစတင်ပြီးမကြာမီမှာပင် အစုလိုက်အပြုံလိုက် လက်နက်ချအလင်းဝင်မှု ပထမအ သုတ်အဖြစ် ကွမ်းလုံမြို့နယ်၊ကံမိုင်းဒေသအခြေစိုက် ခလရ-၁၄၃က ဒုတပ်ရင်းမှူးအပါအဝင် စစ်သားစုစု ပေါင်း ၄၁ဦး စခန်းလုံးကျွတ်။ နိုဝင်ဘာ၁၂ရက်တွင် ကိုးကန့်ဒေသအခြေစိုက် ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံး ရော မိသားစုများပါ စုစုပေါင်း ၂၆၂ဦး။ နိုဝင်ဘာ၂၈ရက်တွင်တော့ ကိုးကန့်၊ကုန်းကြမ်းဒေသအခြေစိုက် ခလရ -၁၂၅ တပ်ရင်းတစ်ရင်းလုံးရော မိသားစုများပါ စုစုပေါင်း ၂၇၂ဦး။
အထက်ပါလက်နက်ချမှုများမှာ ပုံမှန် လုပ်နည်းအတိုင်း လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာ ခြင်းဖြစ် သည်။ ၂၀၂၄ခုနှစ်၊ဇန်နဝါရီ ၄ရက်တွင်တော့ စစ်ဗိုလ်ချုပ်တို့ အသစ်ထွင်လိုက်သော လက်နက်ချ အညံ့ခံပြီး စစ်တပ်ရင်ခွင် ပြန်လည်ဝင်ရောက်ခြင်းမှာ သမိုင်းမော်ကွန်းတင်ခဲ့ပြန်သည်။
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒစက-လောက်ကိုင်က ဗိုလ်မှူးချုပ်၆ဦး၊တပ်ဖွဲ့ဝင် ၂၁၀၀ကျော်နှင့်မိသား စုဝင် ၁၆၀၀ကျော်တို့ ကိုးကန်းတပ်မတော် MNDAA ထံ လက်နက်များအပ် အညံ့ခံကာ လားရှိုးမြို့ရှိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်လည်ခိုလှုံခြင်းဖြစ်သည်။ဇန်နဝါရီ၅ရက်တွင်လည်း ထိုသို့လက်နက်ချကာ စစ် တပ်ရင်ခွင် ပြန်လည်ဝင်ရောက်မှု နောက်တစ်သုတ်။၂ရက်တာ လောက်ကိုင်မြို့ လက်နက်ချအရေအတွက်မှာ ဗိုလ်မှူးချုပ်၆ဦး အပါအဝင် စစ်သား၂၀၀၀ကျော်နှင့် မိသားစုဝင် ၁၆၀၀ကျော်။ထို့နောက် ဇန်နဝါရီ၇ရက်တွင် လည်း ကွတ်ခိုင်မြို့ပေါ်က စစ်ဗျူဟာ တပ်စခန်း ထိုနည်း၎င်း လက်နက်ချ စစ်တပ်ရင်ခွင် ပြန်ဝင်။
စစ်အာဏာရှင်များသက်တမ်းတစ်လျှောက် ထိုမျှအရေအတွက်များသော လက်နက်ချမှုမှာ အိပ်မက် ပင်မမက်ခဲ့ဖူးသလို လက်နက်ချ အညံ့ခံ စစ်တပ်ရင်ခွင်ပြန်ဝင် ဆိုသည့်လက်နက်ချနည်းမှာလည်း တပ်ချုပ် ကြီးဟု ဆိုသူ မင်းအောင်လှိုင်လက်ထက်ကျမှသာ ရှိလာသည်။
တပ်မတော် အက်ဥပဒေ အခန်း(၆)၊၃၂(က)တွင် စခန်းစွန့် လက်နက်ချ ဦးဆောင်သူတို့၏ ပြစ်ဒဏ်မှာ သေဒဏ်ဟု အတိအလင်းပြဌာန်းထားလေတော့ ဦးဆောင်တပ်မှူးတို့မှာ အထက်အမိန့်မရဘဲ လက်နက်ချကာ စစ်တပ်ရင်ခွင် ပြန်မဝင်ရဲဟု ကောက်ချက်ချနိုင်သလို သတင်းတချို့က ထိုသို့လက်နက်ချရန် မင်းအောင်လှိုင် ကိုယ်တိုင်ပင် အတည်ပြုပေးခဲ့ကြောင်း ဆိုကြသည်။သို့သော်၊လောက်ကိုင်က ဗိုလ်မှူးချုပ်၆ဦးကို နေပြည် တော်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သတင်းထွက်ပေါ်လာပြန်သည်။
မည်သို့ပင်ဆိုစေ၊မင်းအောင်လှိုင် ခါးပိုက်ဆောင်တပ်၏ အရှုံးကြီးရှုံးမှုသည် ရပ်တန့်ခြင်းမရှိသဖြင့် စစ်ရေးအရ အရေးပါသည့် ချင်းပြည်နယ်၊ပလက်ဝ တစ်နယ်လုံး ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်သိမ်း ပိုက် မှုအောက် ကျရောက်ခဲ့ပြန်သည်။
ထို့နောက်မကြာ၊ဇန်နဝါရီ၁၆ရက်တွင် ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ကန်စောက်ရွာ အခြေ စိုက် ခမရ-၅၃၉ တပ်ရင်းမှ စစ်သားအများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ AA ထံ လက်နက်ချခဲ့ပြန်သည်။
ဆက်တိုက်ဆိုသလိုပင် ဇန်နဝါရီ ၁၇ရက်တွင် မင်းအောင်လှိုင်စစ်သား ၂၇၈ဦး အိန္ဒိယနိုင်ငံ၊မီဇိုရမ် ပြည် နယ် ထဲသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာကြောင်း အိန္ဒိယသတင်းဌာနများက ရေး သားကြသည်။
အိန္ဒိယရောက်သည်အထိ မင်းအောင်လှိုင်စစ်သားများ ထွက်ပြေးမှုမှာ ယခုအကြိမ်အပါအ ဝင် ၆ ကြိမ်မြောက်ရှိပြီဖြစ်ပြီး စုစုပေါင်း ၇၀၀ခန့်ရှိပြီဖြစ်သည်။ထိုသို့ နိုင်ငံခြားတိုင်းပြည်ရောက်သည် အထိ ထွက် ပြေးခဲ့သည့်အရေအတွက်မှာ စစ်အာဏာရှင်များလက်ထက် တစ်ကြိမ်မျှမရှိခဲ့ဖူးသော စံချိန်တင်မှုလည်း ဖြစ်သည်။
မင်းအောင်လှိုင်တပ်မှာ ဘက်ပေါင်းစုံ သမိုင်းဝင်အရှုံးများဖြင့် ရင်ဆိုင်နေရချိန်တွင် စစ်ဗိုလ်ချုပ်တို့၏ အသုံးတော်ခံ ဘာသာရေးအစွန်းရောက်များပင် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ ဆင်းပေးရန် အတိအလင်းတောင်းဆိုခံရသည်အထိ အက်ကြောင်းကြီးခဲ့သည်။
ဇန်နဝါရီ၁၆ရက်နေ့၊ပြင်ဦးလွင်တွင် ပြုလုပ်သော တပ်ထောက်ခံသူများနှင့် လက်ဝေခံ မဘသ တို့၏ MNDAA ရှုတ်ချပွဲနှင့် စစ်တပ် ထောက်ခံပွဲ၌ မဘသ အဖွဲ့ဝင် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ဆို သည့် ဘုန်းကြီးက မင်းအောင်လှိုင်ကို ဘုရားဒကာကြီးဟု လှောင်ပြောင်ကာ ကာချုပ်ရာထူးအား စိုးဝင်းထံ လွှဲပေးလိုက်ရန် တောင်းဆိုခဲ့သည်။
အရှုံးပင်လယ်ဝေနေသော မင်းအောင်လှိုင်အနေနှင့် ကိုယ့်အရှုံးကိုယ် သိမြင်ကာ ကာချုပ်ရာထူးမှ ဆင်းပေးကာ စစ်သားမျက်နှာပေါက်အပြည့် စိုးဝင်းလက်သို့ စစ်တပ်အပ်ရန် တောင်းဆိုမှုဖြစ်သည်။ပြောရလျှင် မင်းအောင်လှိုင်ရှုံးခဲ့သမျှ စိုးဝင်း၏ စီမံခန့်ခွဲမှုဖြင့် ပြည်သူနှင့်တော်လှန်ရေးအင်အားစုများကို ပြန်လည်အနိုင်ရရှိ ရန် စိတ်ကူးယဉ်လိုက်ခြင်းလည်း ဖြစ်သည်။
စိတ်ဓာတ်ပျက်ပြားနေသောတပ်၊စစ်ရေးစွမ်းရည် ငါးပြား၊ဆယ်ပြားဖြင့် ပြေးပေါက်ရှာနေသောတပ်၊ စစ်အာဏာရှင်များအတွက် အသက်ပေးစရာမလိုမှန်း သိမြင်လာသောတပ်သည် ကျိုးပျက်သွားသော ရေကာ တာလို အရှိန်အ ဟုန်ပြင်းစွာဖြင့် ပြိုဆင်းလာခြင်းဖြစ်ပြီး ယင်းအပေါ် စိုးဝင်း၏ လက်နှစ်ဖက်တင်မက စစ်ဗိုလ် ချုပ်များအားလုံး ၏ လက်များဖြင့် ပိတ်ဆို့လည်း မရတော့သည့် ပြိုဆင်းမှုဖြစ်သည်။
ထို့အပြင် မြန်မာပြည်သူတို့၏ မုန်တိုင်းထန်နေသည့် တစ်ခုတည်းသော စိတ်ဆန္ဒမှာ မင်းအောင်လှိုင်၊ စိုးဝင်း၊စစ်ကောင်စီ တပ်တစ်ခုလုံးနှင့်လက်ပါးစေများပါမကျန် လက်နက်ချအညံ့ခံရေးပင်ဖြစ်သည်။