၁၀၂၇စစ်ဆင်ရေးကာလ တစ်လပြည့်သွားသည့်အချိန်တွင် စစ်အုပ်စုဝင်များကြား မဖြစ်မနေ မြန်မြန် ဆန်ဆန် ဖြေဆို ကြရမည့် မေးခွန်းတစ်ခုက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ယင်းမေးခွန်းမှာ နိုင်ငံရေးဉာဏ် တစ် ထွာ တစ်မိုက်ဖြင့် တိုင်းပြည်အာဏာမောင်ပိုင်စီးလိုသူ မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်များအတွက် အသေခံကြ မည်လားဆိုသည့် မေး ခွန်းဖြစ် သည်။
နိုဝင်ဘာ၂၇ရက်နေ့တွင် ၁၀၂၇စစ်ဆင်ရေး တစ်လတင်းတင်းပြည့်ခဲ့သည်။ရှမ်းမြောက်တခွင်ရှိ စစ် ကောင်စီတပ်စခန်း အကြီး၊အငယ် ၂၂၆ခုကို ညီနောင်၃ဖွဲ့က အပြီးအပြတ် သိမ်းပိုက်နိုင်ခဲ့ရုံတင်မက ရှမ်း မြောက်ကိုကျော်လွန်ကာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင်ပါ မြို့အချို့အား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
မင်းအောင်လှိုင်စစ်တပ်ကို မြန်မြန်ဆန်ဆန် ချေမှုန်းနိုင်မည် မဟုတ်ဆိုသည့်အမြင်မှာ ၁၀၂၇ စစ်ဆင် ရေးမတိုင်မီက နိုင်ငံတကာအသိုင်းအဝိုင်းရော စစ်ရေး၊နိုင်ငံရေး အကဲ ခတ်တို့၏အမြင်တွင်ပါ ထူထူထဲထဲ ရှိခဲ့သည်။ထို့ကြောင့်ပင် စစ်တပ် အခြေပြု တွေးခေါ်မှုသည်သာ လွှမ်းမိုး ကာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်းတစ်ခုတည်းကိုသာ နိုင်ငံတကာအသိုင်းအဝိုင်းက အသေဆုပ် ကိုင်ထားကြသည်။
၂၀၂၁ခုနှစ်၊ဧပြီ ၂၄ရက်၊အာဆီယံခေါင်းဆောင်များရှေ့ အငိုက်မိသွားသော မင်းအောင်လှိုင်မှာ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးလိုင်းဖြစ်သည့် မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အောင့်သက်သက် ဖြင့် လက်မှတ်ရေးထိုးခဲ့သော်လည်း နောက်တစ်ရက်မှစတင်ကာ ကိုယ့်မျက်နှာကိုယ် တံတွေးဖြင့် ပြန်ထွေး ကာ အာဆီယံမူ၅ ရပ်ကို ယနေ့တိုင် နေ့စဉ် ဆုတ်ဖြဲနေဆဲဖြစ်သည်။
မင်းအောင်လှိုင်က ယခင် အာဏာသိမ်းပွဲများလို အာဏာသိမ်းပြီးနောက် လူနည်းနည်းသတ်ပြ ကာ ပြည်သူရင်ဝ သေနတ်ပြောင်းဝ တေ့ထားလိုက်လျှင် အာဏာရမည်ဟု အထင်ရောက်ခဲ့သည်။ထို့ကြောင့်ပင် မည်သည့်တွေ့ဆုံဆွေးနွေးမှုမျိုးကိုမှ လက်မခံ။နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများကို အံတု။ရွေးကောက် ပွဲကို မရမက ကျင်းပကာ ထိုရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအနံ့ထည့်ထားရုံ စစ်အာဏာရှင်စနစ် ဆက် လက်အဓွန့်ရှည်ရေး။မင်းအောင်လှိုင်သည်ထိုသို့ နိုင်ငံရေးထွက်ပေါက်လုံးဝမရှိ အပိတ်ကစားခဲ့သည်။
ယခုအခါတွင်မူ ရွေးကောက်ပွဲဆိုသည်မှာ ဝေးစွ။ စစ်ကောင်စီတပ်ကိုပင် ချောက်ထဲခုန်ချ အသေခံ လိုက်ကြရန် ဆက်လက်တောင်းဆိုနေရပြီဖြစ်သည်။မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တို့မှာ စခန်းမကျရေးနှင့် မြို့ မကျရေးအတွက် စစ်သားများ အသေ ခံတိုက်ကြရန်သာ နေပြည်တော် ကျည်လုံမှန်ခန်းထဲမှ ညွှန်ကြား ချက်ပေးနေပြီး ၎င်းတို့၏ စစ်သားများ၏အသက် ဆက်လက်ရှင်သန်ရေးအတွက် အကာအကွယ်ပေးရန် ထည့် သွင်း စဉ်းစားချက် အလျဉ်းမရှိပေ။စစ်တပ်အတွင်းရှိ အရာရှိ၊အရာခံ၊အကြပ်စစ်သည်များဆိုသည်မှာ ၎င်းတို့ အာဏာ ရရှိရေးအတွက် အသေခံသင့် အသေခံထိုက်သူများအဖြစ်သာ နေပြည်တော်စစ်ဗိုလ်ချုပ်တို့က ခြွင်း ချက်မရှိ ခံယူ ထားကြသည်။
၁၀၂၇စစ်ဆင်ရေး စတင်ပြီးနောက် ပထမအသုတ်အဖြစ် ကွမ်းလုံမြို့နယ်တောင်ပိုင်း၊ကံမိုင်းဒေသ အခြေစိုက် ခလရ-၁၄၃ က ဒုတပ်ရင်းမှူးနှင့်တပ်ခွဲမှူး၂ဦးအပါအ ဝင် စစ်သားစုစုပေါင်း ၄၁ဦး စခန်းလုံးကျွတ် အစုလိုက်အပြုံလိုက် လက်နက်ချအလင်းဝင်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ၁၂ရက်တွင် အစုလိုက်အပြုံလိုက် ဒုတိယအသုတ်အဖြစ် ကိုးကန့်အထူး ဒေသ(၁) ရှိ ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံးရော မိသား စုများအားလုံးပါ အလင်းဝင်။ တပ်ရင်းမှူးဦးဆောင်သော တပ်ဖွဲ့ ဝင် ၁၂၆ဦးနှင့် တပ်မိ သားစုဝင် ၁၃၄ ဦး၊စုစုပေါင်း ၂၆၂ဦး။
ဆက်လက်ပြီး နိုဝင်ဘာ၂၈ရက်တွင် အစုလိုက်အပြုံလိုက် တတိယအသုတ်။ကိုးကန့်၊ကုန်းကြမ်း ဒေသအခြေစိုက် ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ တပ်ရင်းမှူးအပါအဝင် စစ်သား၊ ရဲ ၊ ပြည်သူ့စစ်နှင့် ၎င်းတို့၏မိသားစု စုစုပေါင်း ၂၇၂ဦး အလင်းဝင်ပြန်သည်။
၎င်းတို့ မည်သို့သော အကြောင်းကြောင့် အစုလိုက်အပြုံလိုက် အလင်းဝင်ရသနည်း။လက်နက်ချအ လင်းမဝင်လျှင် အသေခံရတော့မည်မှာ အရေးပါသော အချက်တစ်ချက်ပင်ဖြစ်သည်။နေပြည်တော်စစ်ဗိုလ် ချုပ်များမှာ တော်လှန်ရေးတပ်များကြား ပိတ်မိနေသော ၎င်းတို့၏ စစ်သားများကို ကယ်ထုတ်ရန် မစဉ်းစား။ စစ်သားများကို မကယ်ထုတ်သည့်တိုင် စစ်သားတို့၏ မိသားစုများကို အရေးပေါ် ကယ်ထုတ်ရန် တာဝန်ရှိ သော်လည်း တာဝန်ရှိသည်ဟု မခံယူ။ဖြစ်ချင်ရာဖြစ် သတ်လျှင်လည်း အသေခံလိုက်ကြ ဆိုသလိုမျိုး။ထို့ ကြောင့်လက်နက်ချတပ်ဖွဲ့ဝင်တို့၏အကြီးအကဲများက စစ်ဗိုလ်ချုပ်တို့ စွန့်ပစ်ခြင်းခံရ သော ကိုယ့်ဘဝကိုယ် သိကာ အလင်းဝင်ကြခြင်းဖြစ်သည်။
နိုဝင်ဘာ၁၃နှင့်၁၄ရက်၊လွိုင်ကော်တက္ကသိုလ်တိုက်ပွဲတွင်လည်း တက္ကသိုလ်ဝန်းအတွင်း အကောင်းပ က တိ ကျန်သူ စစ်သား၄ဦးသာ ရှိတော့သည့်အချိန်၌ တပ်ခွဲမှူးဗိုလ်ကြီးမှာ နိုဝင်ဘာ၁၄ရက်၊ နံနက်ပိုင်းက တည်းက စစ်ကူပေး ရန် ခေါ်ထားသော်လည်း မွန်းလွဲ ၃နာရီအထိ စစ်ကူရောက်မလာ။မင်းတို့ဘာသာ အသေခံ လိုက်ကြတော့ဟု ညွှန်ကြားချက်မပေးရုံ တမယ်။ထို့ကြောင့် ကိုယ့်အသက်ကိုယ်ရွေးချယ်ကာ အလင်းဝင်လိုက် ခြင်း အဖြစ်။
၁၀၂၇စစ်ဆင်ရေး တစ်လတာမှတ်တမ်းများအရ နှစ်များစွာကြာ အခိုင်အမာ တည်ဆောက်ခဲ့သည်ဆို သော မင်းအောင်လှိုင်တပ်မှာ အပေါ်ယံမျက်နှာကြော တင်းနေသလောက် အတွင်းပိုင်းဖွဲ့စည်းပုံ ပုပ်အဲ့နေပြီ ဖြစ်ကြောင်း ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီဖြစ်သည်။မင်းအောင်လှိုင်တပ်သည် လက်နက်အင်အားသာလွန် ခြင်းသာ ရှိတော့ပြီး အတွင်းပိုင်းလှိုက်စားနေသည့် ကင်ဆာအမြစ်များဖြင့် အရေးပေါ်အခန်းထဲသို့ ရောက်ရှိ နေ ပြီဖြစ်သည်။နေပြည်တော်စစ်ဗိုလ်ချုပ်တို့မှာ အောက်ခြေစစ်သားတို့၏ အသက်ကို အကာအကွယ်မပေးနိုင်ရုံ တင်မက အကာအကွယ်ပေးရန်လည်း ဆန္ဒမရှိကြောင်း လက်တွေ့သက်သေပြပြီးလည်းဖြစ်သည်။
ထို့အပြင်၊မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တို့က ၎င်းတို့အတွက် စစ်အုပ်စုဝင်များ အသက်ပေးရန်သာ တောင်းဆိုမြဲဖြစ်သည်။ဒီမိုကရေစီပြည်သူများကမူ မင်းအောင်လှိုင်အတွက် အသေခံခြင်းနှင့်မင်းအောင်လှိုင် နှင့်အတူ ပြည်သူ့ခုံရုံးတွင် တရားစီရင်ခံရခြင်းမှာ ထိုက်တန်ရဲ့လားဟုဆိုကာ အသက်နှင့်ဘဝကို တန်ဖိုးထား ကြရန် အလင်းပြနေပြီဖြစ်သည်။
စစ်အုပ်စုဝင်တို့ ချက်ချင်းအမြန် အလင်းဝင်ကြရန် ပြည်သူတို့ နောက်ဆုံးအကြိမ် တောင်းဆိုနေပြီ လည်း ဖြစ်သည်။